အဆိုတော် ပိုပို ကတော့ သီချင်းချိုချိုအေးအေးလေးတွေကို ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော်မလေးတစ်ဦးဖြစ်ပါတယ်။
သူမရဲ့ ယောက်ကျားဆန်ဆန်ပုံစံလေးကလဲ ပရိသတ်တွေအတွက် တစ်မူထူးခြားလွန်းတာကြောင့် ပိုမိုချစ်ခင်ကြရပြန်ပါတယ်။
ပိုပို ရဲ့ထွက်သမျှသီချင်းတိုင်းဟာ နာမည်ကြီးကျော်ကြားခဲ့ပြီး ပရိသတ်တွေ စောင့်ကြည့်အားပေးရတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။
သူမ ဟာ သီချင်းဆိုရာမှာတော်လွန်းရုံမက အမှန်တရားအတွက် ပြည်သူတွေနဲ့အတူရပ်တည်ခဲ့ပါသေးတယ်။
ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးနောက် လက်ရှိအချိန်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။
အကျဥ်းထောင်ထဲကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် သူမရဲ့ပထမဆုံးသီချင်းလေးအဖြစ် အိမ်လွမ်းနာ ဆိုတဲ့သီချင်းလေးထွက်ရှိလာခဲ့ပါတယ်။
ထို့နောက် ပထမဆုံးအနေနဲ့ သိမ်းငှက်သုံးကောင်စိန်ဆိုင်အတွက် Live Sale လေးရောင်းချပေးခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှု့ကို ခံခဲ့ရပါသေးတယ်။
ပိုပို ဟာ ဖြစ်ချင်တာတွေမဖြစ်ရလို့ စိတ်ဓာတ်မကျသွားအောင် ကိုယ့်ကိုကိုယ် အားပေးနေတဲ့ အကြောင်းကို
” အခု အသက်အရွယ်မှာ သေသေချာချာ သိလိုက်ရတာက ဆုတောင်းတိုင်း တကယ် မပြည့်ဘူး (ကိုယ်ဖြစ်ချင်တာ ဖြစ်မလာဘူး မဖြစ်ချင်တာတွေဖြစ်လာနိုင်တယ်)
အဲ့ဒီ့အတွက်လဲ စိတ်ဓါတ်မကျပါနဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်ရမှာတော့ ကိုယ့်တာဝန်ပဲ အဲ့ဒါ လောကဓံတွေပဲ Fighting ” လို့ ပိုပို ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
အဆုံးထိဖတ်ပေးကြတဲ့ စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်၊ ပိုပိုအတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော်။
ပြန်လည်လွတ်မြောက်လာပြီး မဖြစ်ချင်တာတွေဖြစ်နေရလို့ ကိုယ့်ကိုကိုယ်အားတင်းထားတယ်ဆိုတဲ့ ပိုပို