Cele News

မန်ယူအသင်းပိုင်ရှင် နဲ့ သွားရောက်တွေ့ဆုံနေပြီလို့ အသိပေးလိုက်တဲ့ စမိုင်းလ် တို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ အနုပညာလောကထဲကို မော်ဒယ်အဖြစ် စတင်ဝင်ရောက်လာခဲ့သူကလေးကတော့ စမိုင်းလ် ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှု့အနေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှု့ကို ရရှိခဲ့ပါတယ်။

သူမကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအနေနဲ့ ရိုက်ကူးခဲ့ပြီး ထူးခြားတဲ့ရုပ်ရှင်ကြောင့် ပရိသတ်တွေ သတိထားမိခဲ့ပြန်ပါတယ်။

ဒီလိုအောင်မြင်မှု့တွေရရှိခဲ့တဲ့ သူမကတော့ အနုပညာလှုပ်ရှားမှု့တွေကို ဆက်လက်မလုပ်ကိုင်တော့ဘဲ ချစ်ရတဲ့ချစ်သူနဲ့ လက်ထက်ခဲ့ပြီး နိုင်ငံရပ်ခြားကိုထွက်ခွာသွားခဲ့ပါတယ်။

စမိုင်းလ် ဇနီးမောင်နှံဟာ နိုင်ငံရပ်ခြားမှာ အတူတကွကြိုးစားခဲ့ပြီးနောက် လက်ရှိမှာတော့ လူချမ်းသာစာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ဒါအပြင် အမေရိကန်နိုင်ငံက နာမည်ကြီး Youtuber တစ်ဦးရဲ့စံအိမ်ကြီးကို တန်ဖိုးကြီးပေးပြီး ဝယ်ယူနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းတစ်ခုမှာ မြန်မာနိုင်ငံသားအနေနဲ့ ပထမဆုံးအင်တာဗျူးဖော်ပြခြင်း ခံလိုက်ရတာကြောင့်လဲ ဂုဏ်ယူခဲ့ရပါသေးတယ်။

စမိုင်းလ် ဟာ Manchester United ပိုင်ရှင် Mr Avram Glazer နဲ့ တွေ့ဆုံခဲ့ပြီး အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့တဲ့အကြောင်းကို ဓာတ်ပုံလေးတွေနဲ့အတူ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

ပရိသတ်ကြီးရေ စမိုင်းလ် တို့ ဇနီးမောင်နှံ ရဲ့ ဓာတ်ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။







