Cele News

ချစ်စရာသမီးလေးကို ထိန်းကျောင်းရင်း ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ်

ပရိသတ်ကြီးရေ ဗွီဒီယိုခေတ်က နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်။

၆နှစ်အရွယ်မှာ ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာလောက ကိုစတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။

ထို့နောက် အသက် ၁၆ နှစ်မှာ နာမည်အရင်း ကျော်မင်းထွန်း ကို ကျော်ဝင်းထွဋ် လို့ ပြောင်းလဲခဲ့ပြီး လူကြီးသရုပ်ဆောင်အဖြစ် အက်ရှင်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဆက်လက်ရိုက်ကူးခဲ့တယ်။

သရုပ်ဆောင် ကျော်ဝင်းထွဋ် ဟာ မင်းသား ရဲကိုကို၊ရဲမင်းပိုင်တို့နဲ့အတူ ဖိုက်တင်၊အက်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ဝမ်းရေးအတွက် သံထည်ပစ္စည်းတွေကို အရည်ကြိုတဲ့ လုပ်ငန်းကိုလုပ်ကိုင်နေပါတယ်။

ကျော်ဝင်းထွဋ် ဟာ အသက်၄၃နှစ်ရှိပြီးတော့ ဆယ်တန်းတတ်နေတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။

သမီးချောလေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ဇနီးချောလေးနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ကျော်ဝင်းထွဋ် ဟာ အနုပညာပိုးပါတဲ့သမီးလေးကို အနုပညာလောကထဲကို မဝင်စေချင်ဖူးလို့လဲ သိရပါတယ်။

သရုပ်ဆောင် ကျော်ဝင်းထွဋ် ဟာ အနုပညာလောကမှ အနားယူသွားခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။








