ပရိသတ်ကြီးရေ အဆိုလောကမှတစ်ဆင့် ရုပ်ရှင်နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့တဲ့ ယုန်လေးကိုတော့ အားလုံးပဲသိကြမှာပါ။
ယုန်လေး ဟာ အဆိုပိုင်းမှာနာမည်ကြီးခဲ့ပြီး သီဆိုခဲ့တဲ့ သီချင်းအပုဒ်တိုင်းဟာလဲ အားလုံးလိုလိုအောင်မြင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မင်းသား မြင့်မြတ် နဲ့အတူ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ရုပ်ရှင်လောကထဲကို ခြေစုံပစ်ဝင်ခဲ့ပြန်ပါတယ်။
အရင်ချိန်တွေတုန်းက ယုန်လေးကို အားပေးတဲ့ပရိသတ်များစွာ ရှိခဲ့ပေမယ့်လဲ လက်ရှိအချိန်မှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှု့ကို ခံနေရပါတယ်။
သူဟာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်မှာ ရှိမနေဘဲ မှားတဲ့ဘက်မှာ ရပ်တည်နေတာကြောင့် ဖြစ်ပါတယ်။
ယုန်လေး ကို ပြည်သူတွေက အားလုံးက Boycott စာရင်းထဲကို ထည့်သွင်းထားပြီးတော့ Unfollow လုပ်တဲ့အထိ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့်လဲ ယုန်လေး ဟာ ပြည်သူတွေရဲ့ဆန့်ကျင်မှု့တွေကို ဂရုမစိုက်ပဲ လုပ်စရာရှိတာကိုသာ တောက်လျှောက်လုပ်နေခဲ့ပါတယ်။
Boycott ကြောင့်လူမှု့ကွန်ယက်ပေါ်ကနေ ပျောက်ကွယ်နေခဲ့တဲ့ ယုန်လေး ဟာ ပရဟိတတွေလုပ်ကိုင်ရင်း ပြန်လည်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
ယုန်လေး ဟာ Hip Hop ဂီတကိုရူးသွပ်သူဖြစ်ပြီး underground က တတ်သစ်တလူငယ်တွေကို လက်တွဲခေါ်ယူတတ်ပါတယ်။
ယုန်လေး လက်တွဲခေါ်ယူခဲ့တဲ့ တပည့်တစ်ဦးဖြစ်တဲ့ A4 ကျော်စွာ ကတော့ လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအနေကြောင့် သီချင်းတွေမဆိုနိုင်တော့တဲ့အပြင် စားဝတ်နေရေးအခက်အခဲနဲ့ လမ်းဘေးမှာဖြစ်သလို နေထိုင်နေရပါတယ်။
A4 ကျော်စွာကို ကူညီမယ့်အကြောင်းကို ယုန်လေး ရဲ့လူမှု့ကွန်ယက်ပေါ်မှာ အခုလိုပဲ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။
“A4 ကျော်စွာ အကြောင်းလာလာပြကျလို့ တကယ် စိတ်မကောင်းပါဘူး. အဆက်သွယ်လုပ်လို့ရတဲ့ ကိုမိုးမာန် နဲ့ ချိတ်ဆက်မိပါပြီ. ဒုက္ခ ရောက်နေတဲ့ လူကိုတော့ အပြစ်တွေထပ်မပြောချင်တော့ဘူး. Min Z ဘာလို့ ဒုက္ခမရောက်ပဲ အနုပညာသမားအဖြစ် အခုဆက်ပြီး
ရပ်တည်လို့ရလဲ. ထားပါ.. ကူညီခဲ့တာ အများကြီးပါ. လူတိုင်း ဘဝ တွေလည်း တကယ်မြင့်ခဲ့တာပဲလေ. အမြဲတန်း အတွက် မမျော်လင့်ဖို့ ကူညီပေးခဲ့ ဖူးသူတိုင်း ကိုပြောဖူးပါတယ်. ဆေးအရင်ကုဖို့ စီစဉ်မယ်. စားဝတ်နေရေး ဆိုလည်း တွန်းလှည်းနဲ့ အစားသောက်ရောင်း
ပေါ့အရင်းနှီး ပြန်ကူညီပါ့မယ်. အလုပ်မလုပ်ချင်လို့တော့မရဘူးလေ.လူတိုင်း လူတိုင်းအလုပ်လုပ်ရတယ်လေ. မူးယစ်ဆေးနဲ့ ဝေးဝေးနေပြီးလိမ်မာဖို့တော့ လိုတာပေါ့.ကျွန်တော် အများကြီး မပြောချင်တော့ဘူး.
လူတိုင်းကို စေတနာ နဲ့ ကူညီခဲ့တယ်.အကုန် Level တစ်ခုရောက်ခဲ့တဲ့ လူတွေကြီးပဲ.ကျော်စွာ လည်း အခြေနေတစ်ခုပြောင်းခဲ့ပါတယ်.ဘာကြောင့် ဒီလိုပြန်ဖြစ်လဲ ဆိုတာ သူအသိဆုံးပေါ့.” လို့ ရေးသားထားပါတယ်။
သမိုင်းမှာအမဲစက်မကျန်ခဲ့ချင်လို့ ကိုယ့်လမ်းကိုလျှောက်ခဲ့တဲ့ A4 ကျော်စွာ ကိုကူညီမယ်ဆိုတဲ့ ယုန်လေး