Cele News

ဆံပင်အရှည်ကြီးကိုစွန့်ပစ်ခဲ့ပြီး သီလရှင်ဘဝနဲ့စိတ်အေးချမ်းမှု့ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အဆိုတော် အိအိချွန်

အဆိုတော် အိအိချွန် ကတော့ မြန်မာသံစဥ်တွေကို ငယ်စဥ်ကတည်းက သီဆိုလာခဲ့သူဖြစ်ပြီး မြန်မာ့ဝတ်စုံလေးတွေကို စွဲစွဲမြဲမြဲဝတ်ဆင်တတ်သူ ဖြစ်ပါတယ်။

ဒါအပြင် ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မြန်မာ့သံစဥ်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်။

ချိုလွင်တဲ့အသံလေးနဲ့ သီဆိုထားတဲ့ သူမရဲ့မြန်မာ့သံစဥ်သီချင်းလေးတွေက ကြားရသူအဖို့ စိတ်နှလုံးချမ်းမြေ့စေပါတယ်။ လက်ရှိမှာ အဆိုတော် အိအိချွန် ဟာ သီလရှင်ဝတ်နေပါတယ်။

အဆိုတော် အိအိချွန် ရဲ့ သာသနာ့ဘောင်ထဲက ဘွဲ့နာမည်ကတော့ တနင်္ဂနွေသမီးဖြစ်တာကြောင့် ဒေါ်အဂ္ဂညနီ ပဲ ဖြစ်ပါတယ်။

ဘွဲ့နာမည်ရဲ့အဓိပ္ပာယ်ကတော့ ကြီးကြယ်မြင့်မြတ်ခြင်းပဲ ဖြစ်ပါတယ်။ မိသားစုတွေကတော့ ဆံပင်အရှည်ကြီးကို နှမြောခဲ့တယ် ပြီးတော့ ရာသက်ပန်ဝတ်သွားမှာဆိုးနေကြပါတယ်။

ဒါပေမယ့်လဲ ဆရာလေးကတော့ ဆံချနေစဥ်အတွင်း ကုသိုလ်ရချင်တဲ့စိတ်၊သီလဝတ်ချင်တဲ့စိတ်၊တရားအားထုတ်ချင်တဲ့စိတ်တို့နဲ့အတူ မနှမြောမိတဲ့အပြင် ပြုံးနေမိပါတယ်တဲ့။

ဆရာလေးဟာ သာသနာ့ဘောင်ကို ရောက်ရှိလာတဲ့အခါ လူ့ဘောင်နဲ့မတူ အရမ်းကိုအေးချမ်းလာခဲ့ပါတယ်။

အဆိုတော် အိအိချွန် ခေါ် ဆရားလေး ဒေါ်အဂ္ဂညနီ ဟာ လူ့ ဘဝမှာ ပူပန်၊ သောကတွေ များရပေမယ့် သာသနာ့ဘောင်ထဲမှာတော့ စိတ်အေးချမ်းမှုကို တကယ်ရရှိခဲ့ပါတယ်တဲ့။

ဒါအပြင် နေ့စဥ်နေ့တိုင်း ၁၅ မိနစ်လောက် တရားအားထုတ်ကြပါလို့ ပရိသတ်တွေကို တိုက်တွန်းသွားခဲ့ပါတယ်။









