ဟားငါးကောင်အဖွဲ့ကို လူရွှင်တော် တိုင်းကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော်၊တိုးကျော် အစရှိတဲ့ လူရွှင်တော်ငါးဦးနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။
လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။
ဟားငါးကောင်းအဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။
ခက်ခဲတဲ့လွတ်မြောက်နယ်မြေမှာ အတူတကွ ရောက်ရှိနေတဲ့ ဟားငါးကောင် အဖွဲ့က တော့ ကျရာတာဝန်ကို ထမ်းဆောင်နေကြတာကြောင့် ပြည်သူတွေက ပိုမိုချစ်ခင်အားပေးကြရပါတယ်။
လူရွှင်တော် ပိုးလေး ကတော့ ခံစားချက်တွေကို သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ အခုလိုပဲရေးသားလာခဲ့ပါတယ်။
အရင်ကဒို့အရေး အော်ခဲ့တဲ့သူတွေက ခုချိန်မှာနိုင်ငံအရေးက ကိုယ့်နဲ့မဆိုင်သလိုဖြစ်သွားကြတဲ့အကြောင်းကို
” မင်းအောင်လှိုင် အာဏာလုယူတဲ့အချိန်မှာ ဒို့အရေး ဒို့အရေးလို့ အော်ခဲ့တဲ့သူတွေက ခုချိန်မှာ ဒီနိုင်ငံဘာပဲဖြစ်ဖြစ် ငါတို့နဲ့မဆိုင်ပါဘူးကွာ ငါတို့အဆင်ပြေနေဖို့က
အဓိကပါလို့ ပုံမှန်ဖြစ်သွားတဲ့သူတွေကို မြင်ရပါများလာတော့ မင်းတို့အားလုံးမှန်တယ်။ မင်းတို့မှန်တယ်။
ဒါပေမယ့် ငါတို့က လီးမှ မမှားနော်” လို့ လူရွှင်တော် ပိုးလေး ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
အရင်က ဒို့အရေးအော်ခဲ့တဲ့သူတွေ ခုချိန်မှာနိုင်ငံအရေးက ကိုယ့်နဲ့မဆိုင်သလိုဖြစ်သွားကြပြီ ဆိုတဲ့ လူရွှင်တော် ပိုးလေး