ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ တင်ဆက်နေတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။
ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။
ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော် အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။
အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်ကျော် ကတော့ စိတ်မကောင်စရာအကြောင်းအရာလေးတစ်ခုကို ပရိသတ်တွေကိုအသိပေးထားပါတယ်။
သူ့ရဲ့သားလေးနေမကောင်းဖြစ်နေတာကြောင့် အဝေးတစ်နေရာရောက်နေတဲ့ ဖခင်တစ်ယောက်အနေနဲ့ စိုးရိမ်နေတဲ့အကြောင်းကို ” ငါမခံစားနိုင်တော့ဘူး ဒေါင်း သားအဖေ့ထက်ခံနိုင်ရည်ရှိတယ်….” လို့သူ့ရဲ့လူမူ့ကွန်ယက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
စာဖတ်ပရိသတ်ကြီးရေ မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲသွားရောက် တာဝန်ထမ်းဆောင်နေတဲ့ ဟားငါးကောင်အဖွဲ့ဝင် ပြည်ကျော် အတွက် အားပေးစကားလေးတွေ ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။
ပြည်ကျော် ရဲ့ သားလေးလဲ အမြန်ဆုံးကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
သားလေးဖျားနေတာကိုကြည့်ပြီး မခံစားနိုင်တော့ဘူးဆိုတဲ့ ဟားငါးကောင် လူရွှင်တော် ပြည်ကျော်