Cele News

စကားအရမ်းတတ်နေတဲ့ သမီးကြီးခေတ်ကြောင့် ဘာမှတုန့်ပြန်လို့မ‌ရလောက်အောင် ဆွံ့အသွားတဲ့ မေမေ ချစ်သုဝေ

ပရိသတ်ကြီးရေ ချစ်သုဝေ တို့မိသားစုလေးကတော့ နွေဦးတော်လှန်ရေးအစကတည်းကနေ ယနေ့အချိန်ထိ တော်လှန်ရေးအတွက် အားကြိုးမာန်တတ် ပါဝင်နေတာပါ။

ဒါကြောင့်လဲ မိသားစုတစ်ခုလုံး ဘေးကင်းရာကို တိမ်းရှောင်နေရပြီး အခက်ခဲတွေများစွာကိုလည်း ရင်ဆိုင်ကြုံတွေ့နေရတာပါ။

ဒါပေမယ့်လဲ အားမလျော့ဘဲ တော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် ကျရာတာဝန်ကိုထမ်းဆောင်ပြီး ဆက်လက်ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။

လင်းလင်း နဲ့ ချစ်သုဝေ တို့ မိသားစုလေးဟာ တစ်ချိန်က ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခုပါ။

ချစ်စရာကောင်းတဲ့ အမွှာသမီးလေး ခေတ်နဲ့သစ် ကြောင့် ပိုပြီးသာယာချမ်းမြ့ခဲ့ရပါတယ်။

ပရိသတ်တွေဟာ လဲ ခေတ် နဲ့ သစ် တို့ အမွှာညီအစ်မကို အရမ်းကိုချစ်ခင်အားပေးခဲ့ကြပြီး လက်ရှိအချိန်မှာ သူမတို့ညီအစ်မကို လွမ်းနေခဲ့ရတာပါ။

ဒါကြောင့်လဲ မေမေချစ်သုဝေ ကတော့ သမီးကြီး ခေတ် နဲ့ပတ်သက်ပြီး ဟာသလေးတစ်ခုကို ပရိသတ်တွေအတွက် အလွမ်းပြေတင်ပေးတာကို အခုလိုပဲ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

” ခေတ်ကြီး- “phထဲက storyဖတ်ပြ​ပေးပါ​မေ​မေ”
မေ​မေtre- “phကိုမကိုင်ချင်ဘူး အချစ်ရယ် ​မေ​မေ​လေးတယ်ဇက်​တွေလည်းနာ​နေလို့
” ခေတ်ကြီး- “မ​လေးပါဘူး​မေ​မေ ​ခေတ်​ခေတ်ကိုင်နိုင်တယ်”…
ယူပါတယ်ခင်ဗျာ..သူဖတ်ရတာကြိုက်တဲ့moral story appကိုဖွင့်လိုက်ပါတယ်ခင်ဗျာ..ဒါနဲ့..
မေ​မေtre- ​မေ​မေတို့ငယ်ငယ်ကဆို​လေ အဲ့လို ph​တွေမရှိဘူး
ခေတ်ကြီး- ဒါဆို ဘာနဲ့စာဖတ်လဲ​မေ​မေ
မေ​မေtre- စာအုပ်​တွေ စာ​စောင်​တွေ​ပေါ့ ​ရွှေ​သွေးတို့​တေဇတို့၊အရမ်းကို funဖြစ်တာ အချစ်ရယ် ph​တွေလိုမဟုတ်ဘူး။
ဤတွင်၊၊၊၊၊၊
​ခေတ်ကြီး – ဒါဆို ph ကိုတရက်​လောက်လုံးဝမကိုင်ပါနဲ့လား​မေ​မေ..​မေ​မေ့ကို fun ဖြစ်​စေချင်တယ်

မှတ်ပြီလား ​မေ​မေTre ပုံ​လေးက အရင်ချိန်​တွေလွမ်းလို့တင်တာပါ” ဆိုပြီး ခေတ်ကြီး နဲ့ မေမေ တို့ရဲ့ ချစ်ဖို့ကောင်းတဲ့ သတင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။









ဤတွင်၊၊၊၊၊၊
