သရုပ်ဆောင် ထူးခြား ကတော့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်တွေကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။
ထူးခြား ဟာ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းကိုလည်း စိတ်ဝင်စားတာကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ သရုပ်ဆောင် ပွင့်နဒီမောင်နဲ့အတူတူ ဝက်နံရိုးမီးတောက်နဲ့ ဝက်လက်စွပ်ပြုတ်တို့ကို ရောင်းချခဲ့တာကို အားလုံးလဲသိကြမှာပါ။
လက်ရှိမှာဆိုရင် မန္တလေးမြို့ကြီးမှာ စားသောက်ဆိုင်ဖွင့်လှစ်ထားပြီး စီးပွားရေးအခြေအနေဟာ အရင်ထက်ပိုမိုအောင်မြင်လာခဲ့ပါတယ်။
ကျပ်တည်းတဲ့ဘဝကနေ အောင်မြင်တဲ့အချိန်ထိ အတူတကွကြိုးစားလာခဲ့တဲ့ ထူးခြား တို့ ဇနီးမောင်နှံ ဟာ ကွာရှင်းပြတ်ဆဲလိုက်တဲ့အကြောင်းကို စိတ်မကောင်းစွာ သိရပါတယ်။
ဒီလိုတရားဝင်ကွာရှင်းလိုက်တဲ့ အကြောင်းကို ထူးခြားရဲ့ဇနီး မခိုင်ဦးတင့်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ အသိပေးလာပါတယ်။
“Enough! လုံလောက်တယ်ဆိုတာထက်ပိုသွားတဲ့အချိန်မှာကိုယ့်ဆုံးဖြတ်ချက်ကအဓိကပါပဲ။ ဖြတ်သန်းခဲ့တဲ့ ၈ နှစ်လုံးလုံးကိုယ့်ဘက်ကအကောင်းဆုံးပေးဆပ်ခဲ့နိုင်တဲ့အတွက်နောင်မှတမဲ့နောင်တဆိုတာလဲမရှိပါဘူး။
ဘယ်လိုအမျိုးသမီးနဲ့ဘယ်လိုပုံစံမျိုးပဲပတ်သက်ပတ်သက်လက်မခံနိုင်ဘူးဆိုတာယတိပြတ်ပြောထားပြီးသားကိုမှမလိုက်နာပေးနိုင်တဲ့ဒီအမျိုးသားကိုကိုယ့်ဘဝထဲကအပြီးအပိုင်ထုတ်ပစ်ခဲ့တဲ့အတွက်လဲဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး။
လူ့ဘဝမှာဒါမျိုးတွေကြုံရတာမဆန်းတာမို့ စိတ်ကိုလဲအတတ်နိုင်ဆုံးပြင်ဆင်ပြီးလုပ်စရာရှိတာလုပ်ခဲ့တယ်။ ဘယ်သူ့ကိုမှလဲမယားငယ်ဇာတ်မသွင်းချင်ခဲ့တဲ့အတွက် လိုချင်တဲ့သူယူသွားနိုင်ဖို့ ကိုယ်တိုင်လဲ ဒီအိမ်ထောင်ရေးကိုရှေ့မဆက်ချင်တော့တဲအတွက်ဒီလမ်းကိုရွေးချယ်ခဲ့တာမမှားဘူးလို့ပဲခံယူပြီး ရှေ့ဆက်ရှင်သန်ပါမယ်။
လူသိရှင်ကြားတရားဝင်ယူထားခဲ့ခြင်းဖြစ်လို့ လူသိရှင်ကြားပဲ ဒီကိစ္စကိုအသိပေးခြင်းသက်သက်ဖြစ်ပါတယ်။ ကိုသွင်ထူးအောင် (ခ) ထူးခြား နှင့် 15 Dec 2022 တွင် ကွာရှင်းပြတ်စဲပြီးသည့်အတွက်
သူနှင့်ပတ်သတ်သည့် မည်သည့်ကိစ္စအဝဝမှကျွန်မနဲ့မသက်ဆိုင်တော့တဲ့အပြင် တာဝန်ယူဖြေရှင်းပေးမည်လည်းမဟုတ်ပါ။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။
ထူးခြား ရဲ့ ဇနီးဖြစ်သူ မခိုင်ဦးတင့် ဟာ အိမ်ထောင်ရေးမှာ တတိယလူပေါ်လာခဲ့တာကြောင့် (၈)နှစ်တာဖြတ်သန်းခဲ့တဲ့ အိမ်ထောင်ရေးကို ရပ်တံ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့်
သတ္တိရှိတဲ့သူမအတွက် အနုပညာအသိုင်းအဝိုင်း နဲ့ မိတ်ဆွေတွေရဲ့ အားပေးတဲ့ကောမန့်များစွာကို တွေ့ရပါတယ်။
ေနာက္တစ္ေယာက္ေပၚလာတာေၾကာင့္ တရားဝင္ကြာရွင္းျပတ္ဆဲလိုက္ၾကၿပီဆိုတဲ့ ထူးျခားတို႔ဇနီးေမာင္ႏွံ
သ႐ုပ္ေဆာင္ ထူးျခား ကေတာ့ ႐ုပ္ရွင္ဗီဒီယိုဇာတ္ကားေတြမွာ က်ရာဇာတ္႐ုပ္ေတြကို အပီျပင္ဆုံးနဲ႔ အေကာင္းဆုံးသ႐ုပ္ေဆာင္ႏိုင္သူတစ္ေယာက္ပါ။
ထူးျခား ဟာ သ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္သလို ကိုယ္ပိုင္စားေသာက္ကုန္လုပ္ငန္းကိုလည္း စိတ္ဝင္စားတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ သ႐ုပ္ေဆာင္ ပြင့္နဒီေမာင္နဲ႔အတူတူ ဝက္နံ႐ိုးမီးေတာက္နဲ႔ ဝက္လက္စြပ္ျပဳတ္တို႔ကို ေရာင္းခ်ခဲ့တာကို အားလုံးလဲသိၾကမွာပါ။
လက္ရွိမွာဆိုရင္ မႏၲေလးၿမိဳ႕ႀကီးမွာ စားေသာက္ဆိုင္ဖြင့္လွစ္ထားၿပီး စီးပြားေရးအေျခအေနဟာ အရင္ထက္ပိုမိုေအာင္ျမင္လာခဲ့ပါတယ္။
က်ပ္တည္းတဲ့ဘဝကေန ေအာင္ျမင္တဲ့အခ်ိန္ထိ အတူတကြႀကိဳးစားလာခဲ့တဲ့ ထူးျခား တို႔ ဇနီးေမာင္ႏွံ ဟာ ကြာရွင္းျပတ္ဆဲလိုက္တဲ့အေၾကာင္းကို စိတ္မေကာင္းစြာ သိရပါတယ္။
ဒီလိုတရားဝင္ကြာရွင္းလိုက္တဲ့ အေၾကာင္းကို ထူးျခားရဲ႕ဇနီး မခိုင္ဦးတင့္က သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အခုလိုပဲ အသိေပးလာပါတယ္။
“Enough! လုံေလာက္တယ္ဆိုတာထက္ပိုသြားတဲ့အခ်ိန္မွာကိုယ့္ဆုံးျဖတ္ခ်က္ကအဓိကပါပဲ။ ျဖတ္သန္းခဲ့တဲ့ ၈ ႏွစ္လုံးလုံးကိုယ့္ဘက္ကအေကာင္းဆုံးေပးဆပ္ခဲ့ႏိုင္တဲ့အတြက္ေနာင္မွတမဲ့ေနာင္တဆိုတာလဲမရွိပါဘူး။
ဘယ္လိုအမ်ိဳးသမီးနဲ႔ဘယ္လိုပုံစံမ်ိဳးပဲပတ္သက္ပတ္သက္လက္မခံႏိုင္ဘူးဆိုတာယတိျပတ္ေျပာထားၿပီးသားကိုမွမလိုက္နာေပးႏိုင္တဲ့ဒီအမ်ိဳးသားကိုကိုယ့္ဘဝထဲကအၿပီးအပိုင္ထုတ္ပစ္ခဲ့တဲ့အတြက္လဲဘယ္ေတာ့မွေနာင္တရမွာမဟုတ္ပါဘူး။
လူ႔ဘဝမွာဒါမ်ိဳးေတြႀကဳံရတာမဆန္းတာမို႔ စိတ္ကိုလဲအတတ္ႏိုင္ဆုံးျပင္ဆင္ၿပီးလုပ္စရာရွိတာလုပ္ခဲ့တယ္။ ဘယ္သူ႔ကိုမွလဲမယားငယ္ဇာတ္မသြင္းခ်င္ခဲ့တဲ့အတြက္ လိုခ်င္တဲ့သူယူသြားႏိုင္ဖို႔ ကိုယ္တိုင္လဲ ဒီအိမ္ေထာင္ေရးကိုေရွ႕မဆက္ခ်င္ေတာ့တဲအတြက္ဒီလမ္းကိုေ႐ြးခ်ယ္ခဲ့တာမမွားဘူးလို႔ပဲခံယူၿပီး ေရွ႕ဆက္ရွင္သန္ပါမယ္။
လူသိရွင္ၾကားတရားဝင္ယူထားခဲ့ျခင္းျဖစ္လို႔ လူသိရွင္ၾကားပဲ ဒီကိစၥကိုအသိေပးျခင္းသက္သက္ျဖစ္ပါတယ္။ ကိုသြင္ထူးေအာင္ (ခ) ထူးျခား ႏွင့္ 15 Dec 2022 တြင္ ကြာရွင္းျပတ္စဲၿပီးသည့္အတြက္
သူႏွင့္ပတ္သတ္သည့္ မည္သည့္ကိစၥအဝဝမွကြၽန္မနဲ႔မသက္ဆိုင္ေတာ့တဲ့အျပင္ တာဝန္ယူေျဖရွင္းေပးမည္လည္းမဟုတ္ပါ။” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားလာပါတယ္။
ထူးျခား ရဲ႕ ဇနီးျဖစ္သူ မခိုင္ဦးတင့္ ဟာ အိမ္ေထာင္ေရးမွာ တတိယလူေပၚလာခဲ့တာေၾကာင့္ (၈)ႏွစ္တာျဖတ္သန္းခဲ့တဲ့ အိမ္ေထာင္ေရးကို ရပ္တံ့ဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္
သတၱိရွိတဲ့သူမအတြက္ အႏုပညာအသိုင္းအဝိုင္း နဲ႔ မိတ္ေဆြေတြရဲ႕ အားေပးတဲ့ေကာမန႔္မ်ားစြာကို ေတြ႕ရပါတယ္။