Cele News

အူမကြီးကင်ဆာကို မိသားစုတွေအားလုံး မျိုးရိုးလိုက်ပြီးခံစားနေရတဲ့ လင်းဇာနည်ဇော် တို့ မိသားစု

ပရိသတ်ကြီးရေ စိတ်ထားကောင်းပြီး ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်အားလုံးကချစ်ကြရတဲ့ အနုပညာမိသားစုတစ်ခုဖြစ်တဲ့ လင်းဇာနည်ဇော် တို့ မိသားစုကိုတော့ အားလုံးပဲသိကြမှာပါ။

သူမတို့မိသားစုဟာ အချင်းအချင်းနွေးထွေးတဲ့ မေတ္တာတွေနဲ့တစ်ဦးနဲ့တစ်ဦးဖေးမတတ်ပြီး ချစ်ချစ်ခင်ခင်နေထိုင်တတ်တဲ့ မိသားစုလေး ဖြစ်ပါတယ်။

မြန်မာရုပ်ရှင်လောကရဲ့ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ မိုက်တီး ဟာ ဆယ်စုနှစ်တစ်ခုထိ ရုပ်ရှင်ကားပေါင်းများစွာကို ဖန်တီးသရုပ်ဖော်ခဲ့သူတစ်ဦးဖြစ်ပြီး

ဖခင်ဖြစ်သူ ဒါရိုက်တာဦးခင်ဇော် ရဲ့အနုပညာအမွေကိုဆက်ခံခဲ့သူတစ်ဦးဖြစ်ပြီး သရုပ်ဆောင် လင်းဇာနည်ဇော် နဲ့ ချစ်ချစ်ဇော် တို့ရဲ့ အစ်ကိုတော်စပ်သူလဲ ဖြစ်ပါတယ်။

မိခင်ဖြစ်သူခံစားနေရတဲ့ အူမကြီးကင်ဆာဟာ မျိုးရိုးလိုက်တတ်တာကြောင့် အစ်မဖြစ်သူ ချစ်ချစ်ဇော် နဲ့ ဒါရိုက်တာ မိုက်တီး ဟာ မိခင်နဲ့အတူရောဂါခံစားနေရပါတယ်။

လင်းဇာနည်ဇော် နဲ့ အစ်ကိုအကြီးဆုံးနှစ်ယောက်ပဲ အူမကြီးကင်ဆာကို မခံစားရတာပါ။ ဒါပေမယ့်လဲ တစ်လတစ်ခါ ဆေးစစ်ရပြီး အစားအသောက်အနေအထိုင် ဆင်ခြင်ရပါတယ်။

အူမကြီးကင်ဆာဖြစ်နေတဲ့ ဒါရိုက်တာ မိုက်တီး ရဲ့ရောဂါအခြေအနေဟာ အပြင်းထန်ဆုံးဖြစ်ပြီး လက်ရှိအချိန်မှာ ဆေးကုသရင်း အနည်းငယ်သက်သာနေပါပြီ။

လင်းဇာနည်ဇော် ဟာ Family Doctor လိုပဲ မိသားစုဝင်တွေအားလုံးကို ကြင်ကြင်နာနာနဲ့ နွေးထွေးတဲ့မေတ္တာတွေနဲ့စောက်ရှောက်ပေးနေတာပါ။

ပရိသတ်ကြီးရေ အူမကြီးကင်ဆာ ခံစားနေရတဲ့ လင်းဇာနည်ဇော် တို့မိသားစုဝင်တွေအားလုံး ခံစားနေရတဲ့ဝေဒနာများ သက်သာပျောက်ကင်းသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။









