နယ်ပရိသတ်တွေရဲ့ အဓိကချစ်ခင်အားပေးမူ့ကို ရရှိခဲ့တဲ့ သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ ဂျွန်ဂို ကတော့ အက်ရှင်ဇာတ်ကားတွေမှာ အမိုက်စား သရုပ်ဆောင်ချက်တွေကြောင့် နာမည်ကြီးလူသိများလာခဲ့ပါတယ်။ ဂျွန်ကို ဟာ မင်းသား နေထူးနိုင် ရဲ့ ယောက်ဖတော်စပ်သူတစ်ဦးပါ။ အနုပညာနာမည်က ဂျွန်ဂို ဖြစ်ပြီး နာမည်အရင်းကတော့ ချစ်မိုးအောင်ဖြစ်ပါတယ်။ မင်းသား ဂျွန်ဂို ဟာ အက်ရှင်ကားတွေကို အဓိကအသားပေး ရိုက်ကူးပြီး ကိုယ်ခံပညာပေါင်းစုံကို တတ်ကျွမ်းသူတစ်ဦးပါနော်။ ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသား ဂျွန်ဂို ဟာ အသက် ၂၇ နှစ် မှာ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ဂျွန်ဂို ဟာ အစ်မဖြစ်သူနဲ့ အတူနေထိုင်တာဖြစ်ပြီး ဦးနှောက်အမြှေးပါးရောင် ရောဂါဖြစ်နေတာ ကို အချိန်နှောင်းမှ သိခဲ့ရတာကြောင့် ကွယ်လွန်သွားခဲ့ရပြီး အက်ရှင်မင်းသားကြီး ကတော့ မိသားစုနဲ့ချစ်တဲ့ပရိသတ်တွေကို ထာဝရ ခွဲခွာသွားခဲ့တာ ၈ နှစ်နီးပါးရှိခဲ့ပါပြီ။
အစ်မဖြစ်သူရဲ မြသင်းချယ် ကတော့ သူမမွေးလာတဲ့ သားငယ်လေးက မောင်လေးနဲ့ တူနေတာကြောင့် အံ့သြနေတဲ့အကြောင်းကို ” သားလေးကိုကြည့်ပြီး မောင်လေး ကိုမျက်လုံးထဲမှာမြင်နေမိတယ် မျက်လုံးမျက်ခုံး မျက်နှာ ဆံပင် အသားအရည်တင်တူတာ မဟုတ်ဘူး စိတ်ကလေးပါ တပုံစံထဲလေးပါလား သားငယ်ရယ်။
သူ့လေးလေးဂျွန်ဆိုလဲ လူတယောက်ကိုချစ်ပြီ သံယောဇဉ်ရှိပြီဆို အရှေ့မှာ အကောင်းဘယ်တော့မှ မပြောဘူးအမြဲအပစ်ပဲဖြစ်နေသလိုနဲ့ ကြိတ်ချစ်တာခု သူလေးလဲတပုံထဲ သူ့မမတွေကိုတချက်မှ အကောင်းမပြောဘူးမာမားကသူ့အမတွေကိုဆူပြီဆို ကာဆီး ကာဆီးက လုပ်သေးတာ ။ ဒီနေ့သူ့အမကိုယ်ဂရုဏာဒေါသောနဲ့ဆူနေတာလေးကိုကြည့်ပြီး သာဓုခေါ်ပါတယ်သားလေးရယ်မင်း လေးလေးဂျွန်သာရှိရင် ” နေထူးနိုင် ရဲ့ ဇနီးဖြစ်သူ မြသင်းချယ် ရဲ့ အကောင့်မှာ ရေးသားဖော်ပြထားပါတယ်။
အက်ရှင်မင်းသား ဂျွန်ဂို ကွယ်လွန်သွားပြီ ဆိုပေမယ့်လဲ သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေကတော့ ယနေ့ထိတိုင် အမှတ်ရနေဆဲပဲ ဖြစ်ပါတယ်နော်။ ဂျွန်ဂိုကို သတိရနေတဲ့ ပရိသတ်တွေရှိသေးလား???။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဂျွန်ဂို နဲ့ စိတ်နေစိတ်ထား နဲ့ မျက်နှာတွေပါ အားလုံးတူနေတဲ့ နေထူးနိုင် ရဲ့ သားလေး