Cele News

ဇနီးဖြစ်သူကိုပေးခဲ့တဲ့ ကတိကြောင့် ဘဝတစ်လျှောက်လုံး အရက်မသောက်ခဲ့တဲ့ လူရွှင်တော်ကြီး ဦးမိုးဒီ

ပရိသတ်ကြီး လူရွှင်တော်လောကမှာ ဦးမိုးဒီ ကတော့ဆယ်စုနှစ်တစ်ခုကြာ ဇာတ်ကားပေါင်းများစွာကို ပါဝင်ရိုက်ကူးထားပြီးတော့ မော့စ်နဲ့ မိုးဒီ အတွဲပျက်လုံးတွေနဲ့အတူ ပရိသတ်ကြီးကိုရယ်မောပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဝါရင့်ဟာသသရုပ်ဆောင်ကြီးတစ်ဦးပဲဖြစ်ပါတယ်။

ဦးမိုးဒီ ဟာ အသက် ၁၉ နှစ်ကတည်းက ဇာတ်မင်းသမီး ဒေါ်အေးအေးကြွယ် နဲ့ ချစ်ကြိုက်ခဲ့ပြီး အိမ်ထောင်ကျခဲ့တာပါ။ ဇနီးဖြစ်သူ ဆုံးပါးသွားခဲ့တာ ၁၀ နှစ်နီးပါးရှိနေပေမယ့် ဦးမိုးဒီ ကတော့ အခုချိန်ထိချစ်ပြီး အောက်မေ့နေဆဲပါပဲ။

လူရွှင်တော်ကြီး ဦးမိုးဒီ နဲ့သူ့ရဲ့ဇနီးတို့နှစ်ဦးဟာ ချစ်စကြင်စမှာ အပြန်အလှန်ကတိတစ်ခုစီ တောင်းခဲ့ကြပါတယ်။ ဒေါ်အေးအေးကြွယ်က ဦးမိုးဒီ ကို အရက်မသောက်ဖို့ကတိတောင်းခဲ့ပြီး ဦးမိုးဒီ ကလဲ ဇနီးဖြစ်သူကို အိမ်ထောင်ကျရင် နှုတ်ခမ်းနီမဆိုးဖို့ ကတိတောင်းခဲ့ပါတယ်။

ဦးမိုးဒီ ရဲ့ ဇနီးဖြစ်သူ ဟာ အရက်သောက်တာကို လုံးဝမကြိုက်နှစ်သက်သူဖြစ်တာကြောင့် ဒီလိုကတိကိုတောင်းဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့သက်တမ်းတစ်လျောက်မှာ အရက်ကိုလုံးဝမသောက်သုံးခဲ့ပါဘူး။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တွေ့လို့ငြင်းဆန်မရ သောက်လိုက်ရရင်တောင် အနံ့လေးရရင် ဇနီးသည်ကလုံးဝစကားမပြောတော့တာကို မခံစားနိုင်တာကြောင့် လုံးဝမသောက်သုံးဖြစ်တာပါ။

လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ဇနီး ဇာတ်မင်းသမီးကြီး ဒေါ်အေးအေးကြွယ်ကတော့ ၂၀၁၂ ခုနှစ် ၁၂လပိုင်း ၈ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အသက်(၇၄)နှစ်ကျော်ပြီဖြစ်တဲ့ ဦးမိုးဒီ ကတော့ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်နေပြီး သားသမီး မြေးမြစ်တွေနဲ့ အတူ တောင်ဥက္ကလာပမြို့နယ်မှာ ကျန်းမာစွာ နေထိုင်လျက်ရှိပါတယ်။

ဇနီးျဖစ္သူကိုေပးခဲ့တဲ့ ကတိေၾကာင့္ ဘဝတစ္ေလွ်ာက္လုံး အရက္မေသာက္ခဲ့တဲ့ လူ႐ႊင္ေတာ္ႀကီး ဦးမိုးဒီ

ပရိသတ္ႀကီး လူ႐ႊင္ေတာ္ေလာကမွာ ဦးမိုးဒီ ကေတာ့ဆယ္စုႏွစ္တစ္ခုၾကာ ဇာတ္ကားေပါင္းမ်ားစြာကို ပါဝင္႐ိုက္ကူးထားၿပီးေတာ့ ေမာ့စ္နဲ႔ မိုးဒီ အတြဲပ်က္လုံးေတြနဲ႔အတူ ပရိသတ္ႀကီးကိုရယ္ေမာေပ်ာ္႐ႊင္ေအာင္ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ဝါရင့္ဟာသသ႐ုပ္ေဆာင္ႀကီးတစ္ဦးပဲျဖစ္ပါတယ္။ ဦးမိုးဒီ ဟာ အသက္ ၁၉ ႏွစ္ကတည္းက ဇာတ္မင္းသမီး ေဒၚေအးေအးႂကြယ္ နဲ႔ ခ်စ္ႀကိဳက္ခဲ့ၿပီး အိမ္ေထာင္က်ခဲ့တာပါ။ ဇနီးျဖစ္သူ ဆုံးပါးသြားခဲ့တာ ၁၀ ႏွစ္နီးပါးရွိေနေပမယ့္ ဦးမိုးဒီ ကေတာ့ အခုခ်ိန္ထိခ်စ္ၿပီး ေအာက္ေမ့ေနဆဲပါပဲ။

လူ႐ႊင္ေတာ္ႀကီး ဦးမိုးဒီ နဲ႔သူ႔ရဲ႕ဇနီးတို႔ႏွစ္ဦးဟာ ခ်စ္စၾကင္စမွာ အျပန္အလွန္ကတိတစ္ခုစီ ေတာင္းခဲ့ၾကပါတယ္။ ေဒၚေအးေအးႂကြယ္က ဦးမိုးဒီ ကို အရက္မေသာက္ဖို႔ကတိေတာင္းခဲ့ၿပီး ဦးမိုးဒီ ကလဲ ဇနီးျဖစ္သူကို အိမ္ေထာင္က်ရင္ ႏႈတ္ခမ္းနီမဆိုးဖို႔ ကတိေတာင္းခဲ့ပါတယ္။ ဦးမိုးဒီ ရဲ႕ ဇနီးျဖစ္သူ ဟာ အရက္ေသာက္တာကို လုံးဝမႀကိဳက္ႏွစ္သက္သူျဖစ္တာေၾကာင့္ ဒီလိုကတိကိုေတာင္းဆိုခဲ့တာျဖစ္ၿပီး သူ႔ရဲ႕သက္တမ္းတစ္ေလ်ာက္မွာ အရက္ကိုလုံးဝမေသာက္သုံးခဲ့ပါဘူး။ သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ ေတြ႕လို႔ျငင္းဆန္မရ ေသာက္လိုက္ရရင္ေတာင္ အနံ႔ေလးရရင္ ဇနီးသည္ကလုံးဝစကားမေျပာေတာ့တာကို မခံစားႏိုင္တာေၾကာင့္ လုံးဝမေသာက္သုံးျဖစ္တာပါ။

လူ႐ႊင္ေတာ္ႀကီး ဦးမိုးဒီရဲ႕ဇနီး ဇာတ္မင္းသမီးႀကီး ေဒၚေအးေအးႂကြယ္ကေတာ့ ၂၀၁၂ ခုႏွစ္ ၁၂လပိုင္း ၈ရက္ေန႔မွာ ႏွလုံးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ အသက္(၇၄)ႏွစ္ေက်ာ္ၿပီျဖစ္တဲ့ ဦးမိုးဒီ ကေတာ့ လက္ရွိမွာ က်န္းမာေရးေကာင္းမြန္ေနၿပီး သားသမီး ေျမးျမစ္ေတြနဲ႔ အတူ ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ က်န္းမာစြာ ေနထိုင္လ်က္ရွိပါတယ္။