Cele News

အရာရာအဆင်ပြေနေသလို ကိုယ့်ကိုကိုယ်လိမ်ထားတယ်လို့ ရင်ဖွင့်လိုက်တဲ့ သရုပ်ဆောင် အလင်းရောင်

ပရိသတ်ကြီးရေ အလင်းရောင် ကတော့ကျော်ကြားတဲ့ မော်ဒယ်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူက အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ခုဆိုရုပ်ရှင်ဇာတ်လမ်းတွေထဲတော်တော်များများပါဝင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ရုံတင်ဇာတ်ကားများမှာ ခေါင်းဆောင်မင်းသားဖြစ်လာခဲ့ပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှု့ကို ရရှိခဲ့ပါတယ်။

တော်လှန်ရေးကာလတွေမှာလည်း အလင်းရောင် ကကိုင်တိုင်ကိုယ်ကျပြည်သူလူထုနဲ့အတူပါဝင်ဆန္ဒပြခဲ့သူပါ။

ခုဆိုစစ်ကောင်စီရဲ့ (၅၀၅)ကနဲ့တရားစွဲဆိုခံထားရပြီးတော့ မိသားစုနဲ့အဝေးမှာထွက်ပြေးပုန်းရှောင်ခဲ့ရတာပဲဖြစ်ပါတယ်။

အလင်းရောင် ဟာ ၅၀၅ က ကနေလွတ်ကင်းတဲ့ အနုပညာရှင်တွေထဲမှာ မပါဝင်သေးတာကြောင့် လက်ရှိအချိန်ထိ ‌ဘေးကင်းရာမှာ တိမ်းရှောင်နေရပါတယ်။

ဒါကြောင့်လဲ အလုပ်တွေပြန်လုပ်နေကြတဲ့ မိတ်ဆွေတွေကိုမြင်ရင် အရင်ကအနုပညာလုပ်ခဲ့တုန်းက အောင်မြင်ခဲ့တဲ့အချိန်တွေကို ပြန်လွမ်းမိတယ်လို့ အမြဲလိုလို ရင်ဖွင့်တတ်ပါသေးတယ်။

သရုပ်ဆောင် အလင်းရောင် ကတော့ အရာအားလုံးအဆင်ပြေနေသလို ကိုယ့်ကိုကိုယ်လိမ်ထားတယ်လို့ ရင်ဖွင့်လိုက်ပါတယ်။

” အရာအားလုံး အဆင်ပြေနေတယ်လို့ ကိုယ့်ကိုယ်ကိုယ်လိမ်ထားတယ်…အဲ့ဒီလိုလိမ်တာကရော ဘယ်ကံကိုချိုးဖောက်နေတာလဲ” လို့ သရုပ်ဆောင် အလင်းရောင် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

အချိန်ပေးပြီးအားပေးနေတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖို့ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။









