Cele News

မွေးရာပါ နှလုံးမှာအပေါက်ပါလာခဲ့တဲ့ သမီးလေးကို အသက်ရှင်နေသရွေ့ ရောဂါပျောက်ကင်းအောင် ကြိုးစားကုသသွားမယ်ဆိုတဲ့ အံ့မင်းညို

ပရိသတ်ကြီးရေ တစ်ချိန်က ဗီလိန်ဇာတ်ရုပ်တွေကို သဘာဝကျကျသရုပ်ဆောင်ရင်း အားလုံးရဲ့အားပေးလက်ခံမှု့ကိုရရှိထားတဲ့သူကတော့ ဇာတ်ပို့သရုပ်ဆောင် အံ့မင်းညို ပဲ ဖြစ်ပါတယ်။

အံ့မင်းညို ဟာ အကြမ်း၊အနု ကာရိုက်တာပေါင်းစုံကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့အပြင် ဗီလိန်ဇာတ်ရုပ်တွေကို ပရိသတ်တွေမုန်းတဲ့အထိ သရုပ်ဆောင်တာ ပီပြင်လွန်းတဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အံ့မင်းညို ဟာ အနုပညာလှုပ်ရှားမှု့တွေမရှိတော့ဘဲ ချစ်တဲ့မိသားစုကို အချိန်ပေးပြီး တစ်နိုင်တပိုင် စီးပွားရေးလုပ်ကိုင်၍ ဘဝကိုဖြတ်သန်းနေတာပါ။

အံ့မင်းညို ဟာ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်တဲ့အပြင် အိမ်ထောင်ဖက်ကောင်း၊ ဖခင်ကောင်းတစ်ဦးလဲ ဖြစ်ပါတယ်။

အံ့မင်းညို ဟာ ဇနီးဖြစ်သူနဲ့သမီးလေးနှစ်ဦး ကို ပိုင်ဆိုင်ထားပြီး သမီးဦးလေးကတော့ ကျန်းမာရေးအားနည်းချက် ရှိတာကြောင့် အမြဲတမ်းလိုလို အရိပ်တကြည့်ကြည့်နဲ့ စောက်ရှောက်ပေးနေရပါတယ်။

သမီးအကြီးလေး ဟာ မွေးရာပါနှလုံးမှာအပေါက်ပါလာတာကြောင့် စီးပွားရေးမပြေလည်တဲ့ကြားကနေ ပျောက်ကင်းဖို့ အစွမ်းကုန်ကြိုးစားနေတာလဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းလောက်က သမီးကြီး ရဲ့ ဝေဒနာ ဟာ အနည်းငယ်စိုးရိမ်ရတာကြောင့် ဖခင်အနေနဲ့စိုးရိမ်မိကြောင်းကို သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကြောင့် အားလုံးကစိတ်မကောင်းဖြစ်နေကြရတာပါ။

သရုပ်ဆောင် အံ့မင်းညို ဟာ သမီးကြီး ရဲ့မွေးရာပါ နှလုံးရောဂါကို ကအသက်ရှင်နေသရွေ့ ပျောက်ကင်းအောင် ကုသပေးမယ်လို့ ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ကြွေးကြော်ထားပါတယ်။

ကဲ…ပရိသတ်ကြီးတို့ရေ ကိုအံ့ကြီး ရဲ့ သမီးလေးရဲ့ ခံစားနေရတဲ့ ရောဂါဝေဒနာတွေအားလုံးအမြန်ဆုံး ပျောက်ကင်းသက်သာပါစေလို့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ သမီးလေးအတွက် ဆုတောင်းပေးခဲ့ပါအုန်းနော်။









