မြန်မာဇာတ်သဘင်လောကရဲ့ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကိုတော့ အားလုံးပဲသိကြလိမ့်မယ် ထင်ပါတယ်။
သူတို့အဖွဲ့ကတော့ လူရွှင်တော် ငါးဦးနဲ့ဖွဲ့စည်းထားပြီးတော့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ပြက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
ရင်ဘတ်ချင်းတူတဲ့ ညီအစ်ကိုတွေဖြစ်တာကြောင့် လွတ်မြောက်နယ်မြေကိုလဲ အတူတကွသွားရောက်ခဲ့တာဖြစ်ပါတယ်။ မိသားစုနဲ့ဝေးရာမှာ ရောက်ရှိနေပေမယ့် စိတ်ဓာတ်ကိုခိုင်မာစွာ တည်ဆောက်ပြီး တော်လှန်ရေးအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။
လက်ရှိမှာမိုးရာသီအချိန်ရောက်ရှိနေပြီ ဖြစ်တာကြောင့် မိုးမလုံလေမလုံတာကြောင့် အအေးဒဏ်ကို ခံစားနေကြရပါတယ်။
ဒါပေမယ့်လဲ အနေအစားဆင်းရဲပေမယ့် အဆင်ပြေအောင်နေထိုင်ရင်း တော်လှန်ရေးအတွက် စိတ်ဓာတ်ကျစရာ ဘယ်တော့မှမရှိတဲ့အကြောင်းကို ပရိသတ်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
“အရင်နေ့ကမိုးရွာရင်ငုတ်တုတ်ထိုင်နေရတာအခုမိုးယိုတဲ့အောက်မှာဒီလိုချည်လိုက်တယ်…တော်လှန်ရေးမှာစိတ်ဓာတ်ကျစရာဆိုတာဘယ်တော့မှမရှိဘူး….အဲ့ပုံးထဲကရေမနက်မျက်နှာတောင်သစ်လို့ရသေး ပိုင်ချက်…..” လို့
သူ့ရဲ့ ဟားငါးကောင် အဖွဲ့ဝင် ပြည်ကျော် ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာ ခက်ခဲပင်ပန်းပေမယ့် တော်လှန်ရေးအတွက် ကြိုးစားရုန်းကန်နေတဲ့ ဟားငါးကောင် ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။
ဟားငါးကောင် အတွက် အားပေးစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်း
လွတ်မြောက်နယ်မြေ မှာ နေထိုင်ရတာခက်ခဲပေမယ့် စိတ်ဓာတ်ဘယ်တော့မှမကျခဲ့ဘူး ဆိုတဲ့ လူရွှင်တော် ပြည်ကျော်