ပရိသတ်တွေ အားပေးချစ်ခင်မူ့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော် လင်းလင်း ကိုတော့ သီချင်းချစ်သူတိုင်း သိကြလိမ့်မယ်ထင်ပါတယ်။
ကိုယ်တိုင်ဖန်တီးသီဆိုထားတဲ့ သီချင်းကောင်းများစွာ ထွက်ရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်ပါတယ်။
ဒါအပြင် မင်းသမီး ချစ်သုဝေ နဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး ချစ်ဖို့ကောင်းတဲ့ အမွှာသမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။
လင်းလင်း ကတော့ တော်လှန်ရေးမှာပါဝင်ရင်း ပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံထားရတဲ့အပြင် နေအိမ်ကိုပါ ချိတ်ပိတ်ခံရပေမယ့် တော်လှန်ရေးခရီးလမ်းကတော့ အားမလျှော့ဘဲ ဆက်လက်ချီတတ်နေဆဲပါပဲ။
အဆိုတော် လင်းလင်း ဟာ ဇနီးဖြစ်သူနဲ့အတူ တော်လှန်ရေးအတွက်အစွမ်းကုန်ပါဝင်နေပြီး တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီနေတာပဲ ဖြစ်ပါတယ်။
ဒါအပြင် တော်လှန်ရေးအတွက် ပြည်သူတွေသွေးမအေးသွားစေဖို့ လူမှု့ကွန်ယက်ပေါ်ကနေ အမြဲတမ်းလှုံ့ဆော်ပေးနေတာပဲ ဖြစ်ပါတယ်။
အဆိုတော် လင်းလင်း ကတော့ နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ ပြည်သူတွေရဲ့နာမည်နဲ့အသက်ကို ကျောပြင်မှာတတ်တူးထိုးထားတဲ့အကြောင်းကို အခုလိုပဲ ရေးသားလာခဲ့ပါတယ်။
” အဓမ္မ တရား တွန်းလှန်ရင်း ကိုယ့်တကိုယ်စာ လွတ်မြောက်မှုမှာ ရောင့်ရဲတင်းတိမ် သွားတဲ့ အချိန်,,, ကိုယ့်အပေါ် လူထုယုံကြည်ထားတဲ့ လူမြင်ကွင်းက တော်လှန်ရေးနဲ့ ကိုယ်တယောက်ထဲသိတဲ့
တကိုယ်စာ တော်လှန်ရေး မှာ အကြီးအကျယ် ကွဲလွဲနေတဲ့အချိန်,,, တခဏလေး အခိုက်အတန့် ကိုယ်နဲ့တော်လှန်ရေး မဆိုင်သလို ဖြစ်သွားတဲ့အချိန်,,,, ခင်မင်မှုတွေ၊ ရင်းနှီးမှုတွေကို ထောက်ရှုပြီး
တော်လှန်ရေးဖော်လန်ဖားတွေနဲ့ စားဖားတွေရဲ့ အလိုကိုအားနာပြီး အလိုလိုက်မိချိန်,,,,အဲဒီလိုအချိန်တွေမှာ ကိုယ့်အသားအရေပေါ်က ဒီနာမည်တွေကို ငုံ့ဖတ်ပြီး ကိုယ့်စောက်ခွက်ကို ပြန်ရိုက်ရုံလောက်ပါဘဲ။
ရည်ရွယ်ချက်အများကြီးမရှိပါဘူး” ဆိုပြီး လင်းလင်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ဓာတ်ပုံနဲ့အတူ တွဲတင်ထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ တော်လှန်ရေးအစထဲက ကျဆုံးသွားခဲ့တဲ့ လင်းလင်း ရဲ့ကျောပြင်ပေါ်က သူရဲကောင်းအာဇာနည်တွေရဲ့ နာမည်တွေကို သတိရပြီး တော်လှန်ရေးမှာသွေးမအေးသွားဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးခဲ့ရတဲ့ သူရဲေကာင္းေတြရဲ႕နာမည္ေတြကို ေက်ာျပင္မွာတတ္တူးထိုးထားတဲ့ လင္းလင္း
ပရိသတ္ေတြ အားေပးခ်စ္ခင္မူ႔ကို တစ္ခဲနက္ရရွိထားတဲ့ ဝါရင့္အဆိုေတာ္ လင္းလင္း ကိုေတာ့ သီခ်င္းခ်စ္သူတိုင္း သိၾကလိမ့္မယ္ထင္ပါတယ္။
ကိုယ္တိုင္ဖန္တီးသီဆိုထားတဲ့ သီခ်င္းေကာင္းမ်ားစြာ ထြက္ရွိထားၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္ႀကီးတစ္ဦးျဖစ္ပါတယ္။
ဒါအျပင္ မင္းသမီး ခ်စ္သုေဝ နဲ႔ အိမ္ေထာင္တစ္ခုကို ထူေထာင္ထားၿပီး ခ်စ္ဖို႔ေကာင္းတဲ့ အမႊာသမီးေလးႏွစ္ဦးကို ပိုင္ဆိုင္ထားပါတယ္။
လင္းလင္း ကေတာ့ ေတာ္လွန္ေရးမွာပါဝင္ရင္း ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲခံထားရတဲ့အျပင္ ေနအိမ္ကိုပါ ခ်ိတ္ပိတ္ခံရေပမယ့္ ေတာ္လွန္ေရးခရီးလမ္းကေတာ့ အားမေလွ်ာ့ဘဲ ဆက္လက္ခ်ီတတ္ေနဆဲပါပဲ။
အဆိုေတာ္ လင္းလင္း ဟာ ဇနီးျဖစ္သူနဲ႔အတူ ေတာ္လွန္ေရးအတြက္အစြမ္းကုန္ပါဝင္ေနၿပီး တတ္ႏိုင္တဲ့ဘက္ကေန ပါဝင္ကူညီေနတာပဲ ျဖစ္ပါတယ္။
ဒါအျပင္ ေတာ္လွန္ေရးအတြက္ ျပည္သူေတြေသြးမေအးသြားေစဖို႔ လူမႈ႕ကြန္ယက္ေပၚကေန အၿမဲတမ္းလႈံ႕ေဆာ္ေပးေနတာပဲ ျဖစ္ပါတယ္။
အဆိုေတာ္ လင္းလင္း ကေတာ့ ေႏြဦးေတာ္လွန္ေရးမွာက်ဆုံးခဲ့တဲ့ ျပည္သူေတြရဲ႕နာမည္နဲ႔အသက္ကို ေက်ာျပင္မွာတတ္တူးထိုးထားတဲ့အေၾကာင္းကို အခုလိုပဲ ေရးသားလာခဲ့ပါတယ္။
” အဓမၼ တရား တြန္းလွန္ရင္း ကိုယ့္တကိုယ္စာ လြတ္ေျမာက္မႈမွာ ေရာင့္ရဲတင္းတိမ္ သြားတဲ့ အခ်ိန္,,, ကိုယ့္အေပၚ လူထုယုံၾကည္ထားတဲ့ လူျမင္ကြင္းက ေတာ္လွန္ေရးနဲ႔ ကိုယ္တေယာက္ထဲသိတဲ့
တကိုယ္စာ ေတာ္လွန္ေရး မွာ အႀကီးအက်ယ္ ကြဲလြဲေနတဲ့အခ်ိန္,,, တခဏေလး အခိုက္အတန႔္ ကိုယ္နဲ႔ေတာ္လွန္ေရး မဆိုင္သလို ျဖစ္သြားတဲ့အခ်ိန္,,,, ခင္မင္မႈေတြ၊ ရင္းႏွီးမႈေတြကို ေထာက္ရႈၿပီး
ေတာ္လွန္ေရးေဖာ္လန္ဖားေတြနဲ႔ စားဖားေတြရဲ႕ အလိုကိုအားနာၿပီး အလိုလိုက္မိခ်ိန္,,,,အဲဒီလိုအခ်ိန္ေတြမွာ ကိုယ့္အသားအေရေပၚက ဒီနာမည္ေတြကို ငုံ႔ဖတ္ၿပီး ကိုယ့္ေစာက္ခြက္ကို ျပန္႐ိုက္႐ုံေလာက္ပါဘဲ။
ရည္႐ြယ္ခ်က္အမ်ားႀကီးမရွိပါဘူး” ဆိုၿပီး လင္းလင္း ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ဓာတ္ပုံနဲ႔အတူ တြဲတင္ထားတာကို ေတြ႕ရပါတယ္။
ပရိသတ္ႀကီးေရ ေတာ္လွန္ေရးအစထဲက က်ဆုံးသြားခဲ့တဲ့ လင္းလင္း ရဲ႕ေက်ာျပင္ေပၚက သူရဲေကာင္းအာဇာနည္ေတြရဲ႕ နာမည္ေတြကို သတိရၿပီး ေတာ္လွန္ေရးမွာေသြးမေအးသြားဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။