ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။လူတိုင်းကချစ်ခင်ကြရတဲ့ ကိုပေါက်ကြီးကတော့ ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့အပြင် ဇာတ်ကားတွေကိုလဲ ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ တစ်ဦးလဲဖြစ်တာကြောင့် ပရိသတ်ချစ်ခင်အားပေးမှု့များစွာကို ရရှိထားသူကြီးတစ်ဦး ဖြစ်ပါတယ်နော်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး အမှန်တရားကိုချစ်မြတ်နိုးသူပီပီ ပြည်သူတွေဘက်နေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။
ဒါရိုက်တာ ကိုပေါက် ဟာ မိသားစုနဲ့ခွဲခွာပြီး လွတ်မြောက်နယ်မြေမှာ နေထိုင်ရင်းနဲ့ တော်လှန်ရေးတာဝန်တွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီထမ်းဆောင်နေတာ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ ပြည်သူ့ရဲဘော်တွေနဲ့အတူ ကိုပေါက် ရိုက်ကူးခဲ့တဲ့ မသောက်မိသောမိုးခါးရေ ဇာတ်လမ်းဟာဆိုရင် အရမ်းကိုနာမည်ကြီးခဲ့ပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေအထိ အောင်မြင်ခဲ့တာပါ။
ဒါကြောင့်လဲ တော်လှန်ရေးအတွက် ရန်ပုံငွေများစွာရရှိခဲ့တာကြောင့် ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ ပြည်သူ့ရဲဘော်တွေအတွက် ဆုငွေလေးတွေနဲ့ နေ့လည်စာထမင်း၊ဟင်းတို့ကို ကျွေးမွေးခဲ့ပြီး ရဲဘော်တွေနဲ့အတူ ပျော်ပျော်ကြီး ထမင်းလက်ဆုံစားနေတဲ့ ကိုပေါက် ရဲ့ ရိုးရှင်းတဲ့ဘဝနေထိုင်မှု့ ဓာတ်ပုံလေးတွေဟာ ပရိသတ်တွေအရမ်းသဘောကျနေခဲ့ကြပါတယ်။
ပရိသတ်ကြီးရေ ကိုပေါက် ရဲ့ ပကာသနကင်းတဲ့ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
အချိန်တိုင်းအားပေးနေတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
လွတ်မြောက်နယ်မြေမှာ ရဲဘော်တွေနဲ့အတူ ပျော်ပျော်ပါးပါး ထမင်းလက်ဆုံစားခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်
မန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး အမှန်တရားကိုချစ်မြတ်နိုးသူပီပီ ပြည်သူတွေဘက်နေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။