ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ကတော့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
သူမကတော့ လက်ရှိမှာဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ တောတွင်းတစ်နေရာမှာ ပြည်သူတွေကိုကာကွယ်ဖို့ စစ်သင်တန်းတတ်ရောက်နေပြီးတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှု့ကို အများဆုံးရရှိထားပါတယ်။
သူမကတော့ အမျိုးသမီးဖြစ်ပေမယ့် ယောက်ကျားတွေနဲ့ရင်ဘောင်တန်းပြီးတော့ ရရာလက်နက်စွဲကိုင်၍ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ကြိုးစားနေသူတစ်ဦးဖြစ်တာကြောင့် အားလုံးကလေးစားရတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။
မကြာသေးခင်နာရီပိုင်းလောက်က အလှမယ် ထားထက်ထက် ဟာရင်တွင်းခံစားချက်တစ်ခုကို ရေးသားထားပါတယ်။
” အားနာကြပါရှင် အသက် ၈၀ နား နီးနီး ကိုယ့် မိဘ အရင်းသာ ဘာ ပြစ်မှု မှ မရှိဘဲ မတရား အကျဥ်းထောင်ထဲ ပို့ခံ ရရင် ဘယ်လိုနေမလဲ … ကိုယ်ချင်းစာတရား ရှိကြပါရှင်…
မိသားစုတွေရှိလို့ စောင့်ရှောက်ငဲ့ညှာစရာတွေ ရှိလို့ အမျိုးမျိုးသော အကြောင်းတရားတွေရှိလို့ တော်လှန်ရေး လမ်းခုလတ် မှာ ခွဲခွါကျန်ရစ်ရသူများကို မေတ္တာအပြည့်နဲ့ နားလည်ပါတယ် … ဒါပေမယ့် …အမေစု အမေစုခေါ်ခဲ့ကြသူတွေ ထဲ သင် လဲ ပါ ပါတယ်
ရုံးမတက် နဲ့ ရုန်းထွက် အော်ခဲ့တဲ့ ထဲ သင်လဲ ပါပါတယ် …ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး .. သင် ပါခဲ့ ပါတယ် …
တနိုင်ငံလုံး ပူလောင်သောက ရောက်နေကြချိန် သင့် တကိုယ်ရေ သက်သာပျော်ရွှင်ရမှုကို မကြွားဝါ ဘဲ အားနာမှုလေး ရှိပေးကြပါရှင် …” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
မြန်မာပြည်ကြီး အမြန်ဆုံးပြန်လည်ငြိမ်းချမ်းပါစေ။
တစ်နိုင်ငံလုံးသောက ရောက်နေကြချိန် ပျော်နေတဲ့လူတစ်စုကို အားနာကြပါအုန်းလို့ မေတ္တာရပ်ခံလိုက်တဲ့ ထားထက်ထက်