ဝါရင့်ဟာသလူရွှင်တော်ကြီး ဦးငှက်ပျောကြော် ဟာ တစ်ခေတ်တစ်ခါကတည်းက ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင် တင်ဆက်ပေးခဲ့တဲ့ လူရွှင်တော်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်နော်။ ဒါအပြင် ရုပ်ရှင်ဇာတ်ကားတွေထဲမှာလဲ ဟာသသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု့ကို ရရှိခဲ့ပါတယ်။ ” မျက်နှာမြင်ရင်ချစ်ခင်ပါစေ” ဆုနဲ့ ပြည့်စုံတဲ့ ဦးငှက်ပျောကြော် ကိုတော့ ပရိသတ်တွေက အရမ်းကိုချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။
ပရိသတ်ချစ်တဲ့ ဦးငှက်ပျောကြော် ဟာ မကြာသေးခင်လပိုင်းလောက်က ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှု့အသေးစားလေး ပြုလုပ်ခဲ့ရပါသေးတယ်။ လူရွှင်တော်ကြီး ဦးငှက်ပျောကြော် ဟာ ဇနီးဖြစ်သူ နေခြည်(တားရော့) နဲ့ အိမ်ထောင်ရေး ချစ်ခရီးလမ်းကို ပျော်ရွှင်စွာ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ဦးငှက်ပျောကြော် ရဲ့ ဇနီးဖြစ်သူ နေခြည်ကတော့ ပရိသတ်တွေ မမြင်ဖူးသေးတဲ့ သားအငယ်ဆုံးလေး ဓာတ်ပုံလေးကို ထုတ်ပြလိုက်ပါတယ်။ ” ဓာတ်ပုံရိုက်ရင် အဲ့ဒီလိုပဲ မျက်နှာမမြင်ရဘူး သားအငယ် ဆယ်တန်း ကျောင်းမတက်ရလို့ ငုတ်တုတ်မေ့နေတာ … ” လို့ ဓာတ်ပုံလေးနဲ့အတူ ရေးသားထားတာကို တွေ့ရပါတယ်။
တစ်ခါမှမမြင်ဖူးသေးတဲ့ လူရွှင်တော်ကြီး ဦးငှက် ရဲ့ သားအငယ်ဆုံး ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးလဲ ကြည့်ရှု့လို့ရအောင် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
အရွယ်ရောက်လာပြီဖြစ်တဲ့ လူရွှင်တော်ကြီး ငှက်ပျောကြော် ရဲ့ ချစ်ဖို့ကောင်းတဲ့ သားအငယ်ဆုံးလေး