ပရိသတ်ကြီးရေ အဆိုတော် မနော ကတော့အသံချိုချိုလေးကိုပိုင်ဆိုင်ထားပြီးတော့ မြန်မာသံစဉ်တွေကို ဦးစားပေးသီဆိုတတ်သူတစ်ယောက်ဖြစ်ပြီးတော့ နယ်ပရိသတ်တွေရဲ့ အားပေးမှု့ကိုအများဆုံးရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။သီချင်းကောင်းများစွာကို သီဆိုထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှု့ကိုခံထားရသူတစ်ဦး ဖြစ်ပါတယ်။ အဆိုတော် မနော ဟာ သူ့ရဲ့ချစ်လှစွာသော သားနဲ့သမီးလေး ကို သာသနာ့ဘောင်ကို အပြီးအပ်နှံလိုက်တဲ့အပြင် ကိုယ်တိုင်ကလဲ သာသနာ့ဘောင်ထဲဝင်ဖို့ စီစဥ်နေတယ်လို့လဲ အသိပေးထားပါသေးတယ်။
အဆိုတော် မနော ကတော့ ၃တန်းကျောင်းသားဘဝက အသက်ကယ်ခဲ့တဲ့ ကျေးဇူးရှင်တွေကို သွားရောက်ကန်တော့ခဲ့တဲ့အကြောင်းကို “ကျနော် နတ်ရေကန်ရွာမှာ နေတုန်းက တတိယတန်းကျောင်းသားဘဝ အသက် ဆယ်နှစ်ခန့်ပေါ့ဗျာ စာမေးပွဲဖြေသည့်ရက်မှာ တအားဖျားတယ် အိမ်ကနေခြေလျင်လာဖြေရတာပေါ့ ကျနော့် အိမ်က ဘယ်သူမှကျောင်းလိုက်မပို့နိုင်ဘူး စားဝတ်နေရေးအတွက်တစ်နေ့လုပ် တစ်နေ့စားဘဝတွေ အတွက်ကတော့ ဖျားတာ နာတာဟာ သာမန်လိုဖြစ်နေတာပေါ့ စာဖြေပြီးအပြန် လမ်းကိုမလျှောက်နိုင်တော့ဘူး အဲဒီအချိန် ယခုပုံထဲက ဒေါ်ကြီးအိမ်ရှေ့ခုံလေးပေါ်မှာ နားရင်းအဖျားတက်ပြီးအိပ်ပျော်သွားတာလားကိုမသိလိုက်ပါဘူး ပြန်နိုးလို့ ကြည့်လိုက်မှ ဒေါ်ကြီးတို့အိမ်ထဲ ကုတင်ပေါ်မှာ ဆနွင်းမှိုင်းခံပေးထားပြီး စောင်ခြုံကြီးနဲ့ဖြစ်နေတော့မှ ငါဘယ်ရောက်နေတာပါလိမ့်ဆိုပြီး ကြောင်တောင်တောင်ဖြစ်နေတာပေါ့
အဲဒီတော့မှ ဒေါ်ကြီးက ငါ့တူတအားအဖျားတက်နေလို့တဲ့ သနားလို့စေတနာဖြင့် ကုပေးထားတာ သိရတယ် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ဖြူစင်သောစေတနာ မေတ္တာကို အလေးထားပြီး လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးကန်တော့ခဲ့ပါတယ် ကျနော့်တို့ ဒီဘဝမှာတင်ပဲ မိမိကဆပ်စရာရှိသော ကျေးဇူးတရားများကို သိသမျှ မြင်သမျှ ပြန်ဆပ်သင့်ပါတယ် နောင်ဘဝဆိုတာကြီးလည်း ပြန်မရလိုတော့လျှင် အရာအားလုံး စွန့်လွှတ်နိုင်ရမယ် စွဲစရာမှန်သမျှ အစွဲကင်းလေ နိဗ္ဗာန်နီးလေပဲမို့ ကျနော်တို့တွေ လူ့ဘဝရတုန်း အခွင့်အရေးရရှိတာဖြစ်တယ် ကြိုးစားပြီး ဝိပဿနာတရား အားထုတ်မယ်ဆိုလျှင် ရကိုရနိုင်ပါတယ်။
ဆယ်တန်းကျောင်းသားတစ်ယောက်ကို သူငယ်တန်း စာတွေကစပြီး ပြန်သင်ရမယ်ဆိုလျှင် ဘယ်လိုခံစားရမလဲ ကျနော်တို့တွေ နောင်ဘဝ သူများဝမ်းဗိုက်ထဲမှာ ပဋိသန္ဓေ ပြန်တည် ပြန်မွေး ကလေးဘဝကနေ ပြန်စ စာတွေသင် မြင်သမျှတွေ့သမျှ အကုန်မှတ်ယူနေမည့်ဘဝကနေ အခုလိုဝိပဿနာ တရားအားထုတ်ဖို့ ပြန်ပြီးလေ့လာရဦးမယ် ဒါတောင် ဘာမှမသေချာဘူးဗျို့ ဘဝနေထိုင်မှု လမ်းချော်သွားခဲ့လျှင် ငရဲပါကျနိုင်သေးတယ်ပေါ့ဗျာဒါကြောင့် ယခု ရရှိထားတဲ့လူ့ဘဝ လက်ရှိအသက်အရွယ်ကနေစပြီး တရားအားထုတ်သင့်ပါတယ်ခင်ဗျာ” လို့ အဆိုတော် မနော ရဲ့ တရားဝင်လူမှု့စာမျက်နှာထက်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။
အဆိုတော် မနော ရဲ့ ကျေးဇူးရှင်ကို သိတတ်တဲ့မွန်မြတ်တဲ့ စိတ်ထားလေးကို ချစ်တဲ့ပရိသတ်တွေက သာဓုခေါ်ဆိုပေးခဲ့ပါအုန်းနော်။ အချိန်တိုင်းဖတ်ရှု့အားပေးနေတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
၃တန္းအ႐ြယ္ေလာက္က အသက္ကယ္ခဲ့တဲ့ ေက်းဇူးရွင္ကို မဂၤလာတရားေတာ္နဲ႔အညီ ဂါရဝျပဳကန္ေတာ့ခဲ့တဲ့ မေနာ
ပရိသတ္ႀကီးေရ အဆိုေတာ္ မေနာ ကေတာ့အသံခ်ိဳခ်ိဳေလးကိုပိုင္ဆိုင္ထားၿပီးေတာ့ ျမန္မာသံစဥ္ေတြကို ဦးစားေပးသီဆိုတတ္သူတစ္ေယာက္ျဖစ္ၿပီးေတာ့ နယ္ပရိသတ္ေတြရဲ႕ အားေပးမႈ႕ကိုအမ်ားဆုံးရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။သီခ်င္းေကာင္းမ်ားစြာကို သီဆိုထားႏိုင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ တစ္ခဲနက္အားေပးမႈ႕ကိုခံထားရသူတစ္ဦး ျဖစ္ပါတယ္။ အဆိုေတာ္ မေနာ ဟာ သူ႔ရဲ႕ခ်စ္လွစြာေသာ သားနဲ႔သမီးေလး ကို သာသနာ့ေဘာင္ကို အၿပီးအပ္ႏွံလိုက္တဲ့အျပင္ ကိုယ္တိုင္ကလဲ သာသနာ့ေဘာင္ထဲဝင္ဖို႔ စီစဥ္ေနတယ္လို႔လဲ အသိေပးထားပါေသးတယ္။
အဆိုေတာ္ မေနာ ကေတာ့ ၃တန္းေက်ာင္းသားဘဝက အသက္ကယ္ခဲ့တဲ့ ေက်းဇူးရွင္ေတြကို သြားေရာက္ကန္ေတာ့ခဲ့တဲ့အေၾကာင္းကို “က်ေနာ္ နတ္ေရကန္႐ြာမွာ ေနတုန္းက တတိယတန္းေက်ာင္းသားဘဝ အသက္ ဆယ္ႏွစ္ခန္႔ေပါ့ဗ်ာ စာေမးပြဲေျဖသည့္ရက္မွာ တအားဖ်ားတယ္ အိမ္ကေနေျခလ်င္လာေျဖရတာေပါ့ က်ေနာ့္ အိမ္က ဘယ္သူမွေက်ာင္းလိုက္မပို႔ႏိုင္ဘူး စားဝတ္ေနေရးအတြက္တစ္ေန႔လုပ္ တစ္ေန႔စားဘဝေတြ အတြက္ကေတာ့ ဖ်ားတာ နာတာဟာ သာမန္လိုျဖစ္ေနတာေပါ့ စာေျဖၿပီးအျပန္ လမ္းကိုမေလွ်ာက္ႏိုင္ေတာ့ဘူး အဲဒီအခ်ိန္ ယခုပုံထဲက ေဒၚႀကီးအိမ္ေရွ႕ခုံေလးေပၚမွာ နားရင္းအဖ်ားတက္ၿပီးအိပ္ေပ်ာ္သြားတာလားကိုမသိလိုက္ပါဘူး ျပန္ႏိုးလို႔ ၾကည့္လိုက္မွ ေဒၚႀကီးတို႔အိမ္ထဲ ကုတင္ေပၚမွာ ဆႏြင္းမႈိင္းခံေပးထားၿပီး ေစာင္ၿခဳံႀကီးနဲ႔ျဖစ္ေနေတာ့မွ ငါဘယ္ေရာက္ေနတာပါလိမ့္ဆိုၿပီး ေၾကာင္ေတာင္ေတာင္ျဖစ္ေနတာေပါ့
အဲဒီေတာ့မွ ေဒၚႀကီးက ငါ့တူတအားအဖ်ားတက္ေနလို႔တဲ့ သနားလို႔ေစတနာျဖင့္ ကုေပးထားတာ သိရတယ္ အထူးေက်းဇူးတင္ပါတယ္ခင္ဗ်ာ ျဖဴစင္ေသာေစတနာ ေမတၱာကို အေလးထားၿပီး လက္ဆယ္ျဖာ ထိပ္မွာမိုးလို႔ ရွိခိုးကန္ေတာ့ခဲ့ပါတယ္ က်ေနာ့္တို႔ ဒီဘဝမွာတင္ပဲ မိမိကဆပ္စရာရွိေသာ ေက်းဇူးတရားမ်ားကို သိသမွ် ျမင္သမွ် ျပန္ဆပ္သင့္ပါတယ္ ေနာင္ဘဝဆိုတာႀကီးလည္း ျပန္မရလိုေတာ့လွ်င္ အရာအားလုံး စြန္႔လႊတ္ႏိုင္ရမယ္ စြဲစရာမွန္သမွ် အစြဲကင္းေလ နိဗၺာန္နီးေလပဲမို႔ က်ေနာ္တို႔ေတြ လူ႔ဘဝရတုန္း အခြင့္အေရးရရွိတာျဖစ္တယ္ ႀကိဳးစားၿပီး ဝိပႆနာတရား အားထုတ္မယ္ဆိုလွ်င္ ရကိုရႏိုင္ပါတယ္။
ဆယ္တန္းေက်ာင္းသားတစ္ေယာက္ကို သူငယ္တန္း စာေတြကစၿပီး ျပန္သင္ရမယ္ဆိုလွ်င္ ဘယ္လိုခံစားရမလဲ က်ေနာ္တို႔ေတြ ေနာင္ဘဝ သူမ်ားဝမ္းဗိုက္ထဲမွာ ပဋိသေႏၶ ျပန္တည္ ျပန္ေမြး ကေလးဘဝကေန ျပန္စ စာေတြသင္ ျမင္သမွ်ေတြ႕သမွ် အကုန္မွတ္ယူေနမည့္ဘဝကေန အခုလိုဝိပႆနာ တရားအားထုတ္ဖို႔ ျပန္ၿပီးေလ့လာရဦးမယ္ ဒါေတာင္ ဘာမွမေသခ်ာဘူးဗ်ိဳ႕ ဘဝေနထိုင္မႈ လမ္းေခ်ာ္သြားခဲ့လွ်င္ ငရဲပါက်ႏိုင္ေသးတယ္ေပါ့ဗ်ာဒါေၾကာင့္ ယခု ရရွိထားတဲ့လူ႔ဘဝ လက္ရွိအသက္အ႐ြယ္ကေနစၿပီး တရားအားထုတ္သင့္ပါတယ္ခင္ဗ်ာ” လို႔ အဆိုေတာ္ မေနာ ရဲ႕ တရားဝင္လူမႈ႕စာမ်က္ႏွာထက္မွာ ေရးသားထားတာကို ေတြ႕ရပါတယ္ေနာ္။
အဆိုေတာ္ မေနာ ရဲ႕ ေက်းဇူးရွင္ကို သိတတ္တဲ့မြန္ျမတ္တဲ့ စိတ္ထားေလးကို ခ်စ္တဲ့ပရိသတ္ေတြက သာဓုေခၚဆိုေပးခဲ့ပါအုန္းေနာ္။ အခ်ိန္တိုင္းဖတ္ရႈ႕အားေပးေနတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။