ဦးကျော်သက်လင်း ဟာ တခေတ်တစ်ခါတုန်းကတည်းက ဝါရင့်သတင်းကြေငြာသူတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ မြန်မာပြည်မှာ အာဏာစတင်သိမ်းခဲ့ချိန်ကတည်းက အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်သူတွေနဲ့အတူတူ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၅၀၅ က နဲ့တရားစွဲဆိုခံခဲ့ရတာကြောင့် တိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေမှာ ရောက်ရှိခဲ့ပြီး မိသားစုနဲ့ခွဲခွာနေခဲ့ရတာပဲဖြစ်ပါတယ်။
ဦးကျော်သက်လင်း ဟာ တောထဲမှာအနေကြာလာတော့ စိတ်တွေကြမ်းလာတဲ့အကြောင်းကို ” ဒီကောင့်နာမည် မိုက်ကယ် တစ်ချက်ရှိုးလိုက် အကြည့်တွေကို Location ဖြောက်ချင်လို့အဖက်သုံးတာ ကျူပ် ပိုနုသွားတယ်တော့လုပ်လိုက်။ ယူကရိန်းရင်အဆဲမလွတ်လို့ ပုံတင်တာ ဆဲရင်တော့ ပြန်ဆဲပြီပဲ ဘာပြောပြော တောထဲအနေကြာတော့စိတ်ကကြမ်းပြီး ကိုယ်ကနုလာတယ် ” လို့ သူ့ရဲ့ လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ဦးကျော်သက်လင်း ဟာ စိတ်ကကြမ်းပြီး ကိုယ်က နုလာတယ်လို့ ရေးသားထားတဲ့ သတင်းလေးကို ဓာတ်ပုံလေးတွေနဲ့အတူ မျှဝေလိုက်ပါတယ်။
တောထဲမှာ အနေကြာလာတော့ စိတ်ကကြမ်းပြီး ကိုယ်ကတော့နုလာတယ် ဆိုတဲ့ ဦးကျော်သက်လင်း