အနုပညာလောကမှာ ဆယ်စုနှစ်နှစ်ခုကျော်စာ နေရာယူထားနိုင်သူလေးဖြစ်ပြီး အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားတဲ့ အိန္ဒြာကျော်ဇင် က
မင်းသားချော ပြေတီဦးနဲ့ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရ ဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင် ဟာ အသက် ၄၅ နှစ် အရွယ်ရှိနေပြီဖြစ်ပေမယ့် သူမရဲ့အလှကတော့ နုပျိုနေဆဲ ဖြစ်ပါတယ်။
သူမ ကတော့ ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးကြီးအစထဲက ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီကနေ ဖမ်းဆီးခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူ ပြေတီဦး၊ တူမ မေတိုးခိုင် တို့နဲ့အတူ အကျဥ်းစံဘဝနဲ့ ၂ နှစ်နီးပါးနေထိုင်ခဲ့ရပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့်လဲ
မင်းသမီး အိန္ဒြာကျော်ဇင် ကတော့ ပရိသတ်တွေရှေ့ကို ပြန်လည်ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။
ဆွေနီးမျိုးစပ်တွေရဲ့ ပြောစကားအရကတော့ သူမဟာ ကျန်းမာရေးမကောင်းသေးတာကြောင့် အခုလိုထွက်ပေါ်လာခြင်းမရှိတာပါတဲ့။
ဒါကြောင့်လဲ မင်းသမီး အိန္ဒြာကျော်ဇင် ကတော့ ပရိသတ်တွေ အားလုံးကိုသတိရကြောင်း၊ ပရိသတ်တွေနဲ့ ပြန်ဆုံနိုင်အောင်
ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်နေနေတဲ့အကြောင်းကို Eaindra Kyaw Zin Merchandise page လေးမှတစ်ဆင့် စကားလက်ဆောင်လေးပါးခိုင်းလိုက်ပါတယ်။
ပရိသတ်တွေနဲ့ ပြန်ဆုံနိုင်အောင် ကျန်းမာရေးဂရုစိုက်ပြီး နေထိုင်နေတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်