Cele News

အလုပ်တွေ ပြန်လည်လုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေကိုမြင်ရင် အတိတ်ကို ပြန်လည်လွမ်းမိတယ်ဆိုတဲ့ အလင်းရောင်

ပရိသတ်ကြီးရေ အလင်းရောင် ကတော့ကျော်ကြားတဲ့ မော်ဒယ်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူက အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ခုဆိုရုပ်ရှင်ဇာတ်လမ်းတွေထဲတော်တော်များများပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရုံတင်ဇာတ်ကားများမှာ ခေါင်းဆောင်မင်းသားဖြစ်လာခဲ့ပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှု့ကို ရရှိခဲ့ပါတယ်။ တော်လှန်ရေးကာလတွေမှာလည်း အလင်းရောင် ကကိုင်တိုင်ကိုယ်ကျပြည်သူလူထုနဲ့အတူပါဝင်ဆန္ဒပြခဲ့သူပါ။ ခုဆိုစစ်ကောင်စီရဲ့ (၅၀၅)ကနဲ့တရားစွဲဆိုခံထားရပြီးတော့ မိသားစုနဲ့အဝေးမှာထွက်ပြေးပုန်းရှောင်ခဲ့ရတာပဲဖြစ်ပါတယ်။

အလင်းရောင် ကတော့ အလုပ်တွေပြန်လုပ်နေကြတဲ့ မိတ်ဆွေတွေကိုမြင်ရင် အရင်ကဘဝကို ပြန်လွမ်းမိပါတယ်တဲ့။ ” လွမ်းတယ် …မနက်မိုးလင်းတာနဲ့ အိပ်ချင်မူးတူးနဲ့ ရှုတင်ထသွားရတာ လွမ်းတယ်။ 5 4 3 2 1 အက်ရှင်ဆိုတဲ့ အသံကို လွမ်းတယ်။ မျက်စိစူးမတတ် မီးရောင်တွေကို လွမ်းတယ်။ ကင်မရာ shutter ပိတ်သံ တချပ်ချပ်ကို လွမ်းတယ်။ မော်နီတာကနေ မျက်မှောင်ကြုံ့ကြည့်တဲ့ ဒါရိုက်တာကိုလဲ လွမ်းတယ်။ ကိုယ် မရိုက်ရသေးခင်

ခိုးအိပ်ရတာကို လွမ်းတယ်။ မင်းသား ဘာစားချင်လဲဆိုတဲ့ ရှုတင်မန်နေဂျာကြီး အသံကို လွမ်းတယ်။ အမြဲတမ်း မိသားစုလို ဖော်ဖော်ရွေရွေ ဆက်ဆံပေးကြတဲ့ စက်အဖွဲ့သားတွေအားလုံးကိုလဲ လွမ်းတယ်။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေ အကုန် အလုပ် ပြန်လည်ပတ်နေကြတာမြင်တော့ ဆယ်စုနှစ်တစ်ခုစာ အသားကျခဲ့တဲ့ ကျနော့်ဘဝကို လွမ်းတယ်။ ဒီအိပ်မက်တွေ ပြန်မက်ခွင့်ရှိဦးမှာလား?သမားရိုးကျလောကကြီးကနေ ပျောက်ကွယ်နေရတဲ့ ကျနော့်ကို မေ့လျော့သွားကြပြီလား? ကျနော်ကတော့ သိပ်သတိရတယ်။ အတိတ်ကနေ့ရက်တွေဆီ အခွင့်ရှိခဲ့သေးလျှင်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

စာဖတ်ပရိသတ်ကြီးရေ အလင်းရောင် ကတော့ ချစ်တဲ့အနုပညာနဲ့ ပရိသတ်တွေကို လွမ်းနေပါတယ်တဲ့နော်။

အလုပ္ေတြ ျပန္လည္လုပ္ကိုင္ေနၾကတဲ့ မိတ္ေဆြေတြကိုျမင္ရင္ အတိတ္ကို ျပန္လည္လြမ္းမိတယ္ဆိုတဲ့ အလင္းေရာင္

ပရိသတ္ႀကီးေရ အလင္းေရာင္ ကေတာ့ေက်ာ္ၾကားတဲ့ ေမာ္ဒယ္မင္းသားတစ္ေယာက္ျဖစ္ပါတယ္။ သူက အႏုပညာေလာကထဲကို ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္ခဲ့ၿပီး ခုဆို႐ုပ္ရွင္ဇာတ္လမ္းေတြထဲေတာ္ေတာ္မ်ားမ်ားပါဝင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ႐ုံတင္ဇာတ္ကားမ်ားမွာ ေခါင္းေဆာင္မင္းသားျဖစ္လာခဲ့ၿပီး ပရိသတ္ေတြရဲ႕တစ္ခဲနက္အားေပးမႈ႕ကို ရရွိခဲ့ပါတယ္။ ေတာ္လွန္ေရးကာလေတြမွာလည္း အလင္းေရာင္ ကကိုင္တိုင္ကိုယ္က်ျပည္သူလူထုနဲ႔အတူပါဝင္ဆႏၵျပခဲ့သူပါ။ ခုဆိုစစ္ေကာင္စီရဲ႕ (၅၀၅)ကနဲ႔တရားစြဲဆိုခံထားရၿပီးေတာ့ မိသားစုနဲ႔အေဝးမွာထြက္ေျပးပုန္းေရွာင္ခဲ့ရတာပဲျဖစ္ပါတယ္။

အလင္းေရာင္ ကေတာ့ အလုပ္ေတြျပန္လုပ္ေနၾကတဲ့ မိတ္ေဆြေတြကိုျမင္ရင္ အရင္ကဘဝကို ျပန္လြမ္းမိပါတယ္တဲ့။ ” လြမ္းတယ္ …မနက္မိုးလင္းတာနဲ႔ အိပ္ခ်င္မူးတူးနဲ႔ ရႈတင္ထသြားရတာ လြမ္းတယ္။ 5 4 3 2 1 အက္ရွင္ဆိုတဲ့ အသံကို လြမ္းတယ္။ မ်က္စိစူးမတတ္ မီးေရာင္ေတြကို လြမ္းတယ္။ ကင္မရာ shutter ပိတ္သံ တခ်ပ္ခ်ပ္ကို လြမ္းတယ္။ ေမာ္နီတာကေန မ်က္ေမွာင္ႀကဳံ႕ၾကည့္တဲ့ ဒါ႐ိုက္တာကိုလဲ လြမ္းတယ္။

ကိုယ္ မ႐ိုက္ရေသးခင္ ခိုးအိပ္ရတာကို လြမ္းတယ္။ မင္းသား ဘာစားခ်င္လဲဆိုတဲ့ ရႈတင္မန္ေနဂ်ာႀကီး အသံကို လြမ္းတယ္။ အၿမဲတမ္း မိသားစုလို ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံေပးၾကတဲ့ စက္အဖြဲ႕သားေတြအားလုံးကိုလဲ လြမ္းတယ္။ ကိုယ့္မိတ္ေဆြ သူငယ္ခ်င္းေတြ အကုန္ အလုပ္ ျပန္လည္ပတ္ေနၾကတာျမင္ေတာ့ ဆယ္စုႏွစ္တစ္ခုစာ အသားက်ခဲ့တဲ့ က်ေနာ့္ဘဝကို လြမ္းတယ္။ ဒီအိပ္မက္ေတြ ျပန္မက္ခြင့္ရွိဦးမွာလား?သမား႐ိုးက်ေလာကႀကီးကေန ေပ်ာက္ကြယ္ေနရတဲ့ က်ေနာ့္ကို ေမ့ေလ်ာ့သြားၾကၿပီလား? က်ေနာ္ကေတာ့ သိပ္သတိရတယ္။ အတိတ္ကေန႔ရက္ေတြဆီ အခြင့္ရွိခဲ့ေသးလွ်င္” လို႔ ေရးသားထားတာကို ေတြ႕ရပါတယ္။

စာဖတ္ပရိသတ္ႀကီးေရ အလင္းေရာင္ ကေတာ့ ခ်စ္တဲ့အႏုပညာနဲ႔ ပရိသတ္ေတြကို လြမ္းေနပါတယ္တဲ့ေနာ္။