ပရိသတ်ကြီးရေ ချိုပြုံး ကတော့ တခေတ်တစ်ခါတုန်းက နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ပြီးတော့ အမိုက်စားသရုပ်ဆောင်ကွက်တွေနဲ့ ဇာတ်ကောင်ကာရိုက်တာပေါင်းစုံကို မတူညီတဲ့သရုပ်ဆောင်ရိုက်ချက်တွေနဲ့ အကောင်းဆုံးရိုက်ပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှု့ကို နှစ်ပေါင်းများစွာတိုင် ရရှိထားတာပဲ ဖြစ်ပါတယ်။
သူမရဲ့ ပီပြင်တဲ့အိုက်တင်တွေကြောင့် အကယ်ဒမီထူးချွန်ဆုများစွာကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။ ရုပ်ရှင်သရုပ်ဆောင်လောကမှာ အောင်မြင်ရုံတင်မက ဂီတလောကမှာပါ အောင်မြင်မှု့တွေ ရရှိထားတဲ့ ချိုပြုံး ရဲ့ အသံလေးဟာ ချိုချိုသာသာလေးနဲ့ ပရိသတ်တွေ ရင်ထဲထိရောက်အောင် သီဆိုနိုင်တာကြောင့် ပိုမိုချစ်ခင်အားပေးကြရပြန်ပါတယ်။
“မေချို ” လို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးကြီး ချိုပြုံး ဟာ အသက် ၇၆ နှစ်ထဲကိုရောက်ရှိနေပြီဖြစ်ပေမယ့် ယနေ့ချိန်ထိ အရွယ်တင်နုပျိုလှပနေတာလဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဒီတစ်ခါဖော်ပြပေးမှာကတော့ မင်းသမီးကြီး ချိုပြုံး ရဲ့ ချစ်ဖို့ကောင်းတဲ့ မြေးမလေး ရဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။
သူမရဲ့မြေးလေးကို ချစ်ပေးကြဖို့ မင်းသမီးကြီးချိုပြုံးက “မေချို ( ချိုပြုံး ) ကိုချစ်သလို မေချို့မြေးမလေးကိုလည်း အားပေး ချစ်ခင်ပေးကြပါဦးနော်၊ အရမ်းလှတဲ့ New Design လေးတွေ အများကြီး ထပ်ထွက်ပါမယ် အချစ်တို့ရေ ” ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်
အဖွားဖြစ်သူလိုပဲ ချစ်ဖို့အရမ်းကောင်းလွန်းတဲ့ မြေးမလေးကို အားပေးဖို့တောင်းဆိုလိုက်တဲ့