celebrity news

ယောင်္ကျားလေး ပရိသတ်များစွာကိုပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် မင်းသမီး အိချောပို ရဲ့ မွေးနေ့

အိချောပို ကတော့ ပရိသတ်တွေရဲ့ချစ်ခင် အားပေးမှုကို အပြည့်အဝရထားတဲ့ မင်းသမီးချောလေးပါ။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ကျရာဇာတ်ရုပ်မှာလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကိုခံရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ သုံးရောင်ခြယ်ဇာတ်ကားထဲမှာလည်း ယောက်ျားတွေကို မုန်းတီးပေမယ့် ပြည့်တန်ဆာမလေး ချယ်ရီဝိုင်အဖြစ် ဝါရင့်မင်းသားကြီးတွေဖြစ်ကြတဲ့ ခန့်စည်သူ၊ မင်းမော်ကွန်း တို့နဲ့အပြိုင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်အားပေးမှု့ကို ထပ်မံရရှိခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာဆိုရင်တော့ Body ကောက်ကြောင်းအရမ်းလှတဲ့ အမျိုးသမီး ဆယ်လီတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမရဲ့အလှကတော့ မြန်မာဆန်တဲ့ဂစ်တာ Shape လို ကောက်ကြောင်းမျိုးပါ။ မျက်ခုံး၊မျက်လုံး၊ဆံကေသာ အပြစ်ပြောစရာမရှိအောင်လှတဲ့ မင်းသမီးလေးပါ။

သူမကိုချစ်တဲ့ပရိသတ် တွေကတော့ ချစ်စနိုးနဲ့ စူစူဆိုပြီး ခေါ် ကြပါတယ်။ အိချောပိုတစ်ယောက်ကတော့ ထူးထူးခြားခြား ပြင်ဆင်ခြယ်သထားတာမရှိလဲ အမြဲကြည့်ကောင်းနေသူတစ်ယောက်ပါပဲ။ ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့ကတော့ ပရိသတ်ချစ်တဲ့ အိချောပို ရဲ့ အသက် ၃၂ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ …မင်းသမီး အိချောပို အတွက်မွေးနေ့ဆုတောင်းလေးတွေကို ကောမန့်မှာ ဆုတောင်းသွားပေးခဲ့အုန်းနော်။





