ပရိသတ်ကြီးရေ နွေဦးတော်လှန်ရေးအစထဲက ပါဝင်ခဲ့တဲ့ ကရင်တိုင်းရင်းသားလေး အဆိုတော် စောခရစ်မူးလာ ကတော့ လက်ရှိအချိန်ထိ တိုက်ပွဲဝင်နေဆဲပါပဲ။
မြန်မာအိုင်ဒေါပြိုင်ပွဲကနေတစ်ဆင့် နာမည်ကြီးလူသိများခဲ့တဲ့ မူးလာ ဟာ တော်လှန်ရေးအတွက် ဘယ်တော့မှသွေးမအေးသွားပဲ တောက်လျှောက်ကြိုးစားနေဆဲပဲ ဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရတာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး တော်လှန်ရေးရဲဘော်တွေနဲ့အတူ နေထိုင်နေပြီး ဆက်လက်ပါဝင်နေတာပါ။
မူးလာ ကတော့ ဟားငါးကောင်အဖွဲ့နဲ့အတူ စစ်ဆင်ရေးလှုပ်ရှားမှု့များစွာကို လူမှု့ကွန်ယက်ပေါ်မှာတွေ့ရပြီး မကြာခင်လပိုင်းလောက်က ကော်ဘရာစစ်ကြောင်းနဲ့အတူ ရှေ့တန်းစစ်မြေပြင်ကိုလဲ လိုက်ပါခဲ့ပါသေးတယ်။
ချစ်တဲ့ပရိသတ်ကြီးအတွက် မူးလာ ရဲ့စိတ်မကောင်းစရာသတင်းလေးကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။
အဆိုတော် မူးလာ ဟာ စစ်ဆင်ရေးလုပ်ရင်း မျက်နှာမှာထိခိုက်ဒဏ်ရာများရရှိခဲ့တဲ့အပြင် သူ့ရဲ့ဖုန်းလေးပါ ကွဲကြေသွားခဲ့ပါတယ်။
ဒါပေမယ့်လဲ မူးလာ ဟာ အဆင်ပြေတယ်ဆိုတဲ့ အကြောင်းကို” တော်လှန်ရေးခရီးမှာ အသက်ကိုတောင် စွန့်လွတ်ဖို့ရွေးချယ်ထားပြီးသားပဲလေ
တချို့ အသေးအမွှားလောက်ကတော့ မူးလာက ရီတာပေါ့” ဆိုပြီး မူးလာရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ တော်လှန်ရေးအတွက် ထိခိုက်ဒဏ်ရာလုပ်ခဲ့တဲ့ မူးလာ အတွက် အားပေးစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော်။
ရှေ့တန်းစစ်ဆင်ရေးလုပ်ရင်း မျက်နှာမှာ ထိခိုက်ဒဏ်ရာများစွာရရှိခဲ့တဲ့ အဆိုတော် မူးလာ