celebrity news

ချစ်သူနဲ့ရွှေလက်တွဲသွားတဲ့ Myanmar Idol Winner ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့ချင်းဆုန်

ပရိသတ်ကြီးရေ အသက်ငယ်ပေမဲ့ အသံပါဝါအားကောင်းကောင်းနဲ့ Myanmar Idol မှာ Winner ဆုရှင်ဖြစ်တဲ့ ချင်းတိုင်းရင်းသူလေး အက်စတာ ကိုတော့အားလုံးပဲ မှတ်မိကြအုံးမယ်ထင်ပါတယ်နော်။

တမူထူးခြားတဲ့ အသံပိုင်ရှင်လေးဖြစ်တာကြောင့် ပရိသတ်တွေအားလုံးက တစ်ခဲနက်အားပေးခြင်းခံရသူလေးလဲ ဖြစ်ပါတယ်။

ဆုရရှိပြီးနောက် ပရိသတ်တွေနဲ့ အဆက်မသွယ်ပြတ်မသွားစေဘဲ သူမရဲ့လှုပ်ရှားမှု့လေးတွေကို လူမှု့ကွန်ယက်ပေါ်မှာ အဆက်မပြတ်တင်ပေးနေတာကြောင့် ပရိသတ်တွေက ခုချိန်ထိချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။

ဒါအပြင် ပြိုင်ပွဲဝင်စဉ်က သူငယ်ချင်းတွေနဲ့လည်း အမြဲချစ်ချစ်ခင်ခင် ရှိနေတတ်တာကိုလဲ တွေ့ရပါတယ်။

အက်စတာကတော့ သီချင်းနဲ့ပက်သက်လို့လည်း တစ်ကိုယ်တော်သီချင်းခွေ ထွက်ဖို့လည်း ကြိုးစားနေရင်း နိုင်ငံရေးကြောင့် အားလုံးကိုရပ်နားခဲ့တာပါ။

သီချင်းလေးတွေကိုအသံချိုချိုလေးနဲ့သီဆိုပြီးပရိသတ်ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ Myanmar Idol Season 4 winner ဆုရှင်လေး အက်စသာဒေါ့ရ်ချင်းဆုန် ဟာ

အိမ်ထောင်ဘက်ဖြစ်သူ Bawi Tha Thawng တို့ရဲ့ လက်ထပ်မင်္ဂလာပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်ဇန်နဝါရီလ၄ရက်ဒီကနေ့ညနေ၄နာရီ က ရန်ကုန်မြို့ရှိ Lotte Hotel မှာကျင်းပခဲ့တယ်လို့ သိရပါတယ်။

ပရိသတ်ကြီးရေ အက်စတာ တို့ ဇနီးမောင်နှံ ထာဝရသက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပြီး သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ။








