ချိုသာတဲ့အသံလေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်အားပေးလက်ခံမှု့ပေါင်းများစွာရရှိထားတဲ့ သီချင်းကောင်းလေးများစွာ ထွက်ရှိထားတဲ့ အဆိုတော် ပိုပို ကိုတော့ အားလုံးကချစ်ခင်ကြမှာပါပဲနော်။
ပရိသတ်နဲ့စတင်ထိတွေ့တဲ့အချိန်ကတည်းက သူမရဲ့ယောက်ကျားဆန်ဆန် ပုံစံလေးတွေကြောင့်လဲ ပိုပိုအားပေးခဲ့ကြရတာပါ။
ဖေဖော်ဝါရီလကတည်းက အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး နွေဦးတော်လှန်ရေးမှာလဲ အစွမ်းကုန်ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့ဖမ်းဆီးခံခဲ့ရတာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။
အကျဥ်းကျခံနေရတာကြောင့် ဂီတလောကကနေ ၂ နှစ်နီးပါးပျောက်ကွယ်နေပေမယ့် ပရိသတ်တွေဟာ မမေ့မလျော့နဲ့ သူမရဲ့ဂီကို ဆက်လက်စောင့်ကြည့်အားပေးနေခဲ့ပါတယ်။
အဆိုတော် ပိုပို ဟာ Live Sale လေးတွေနဲ့ ပြန်လည်ထွက်ပေါ်လာပြီး သီချင်းအသစ်လေးတွေလဲ ပြန်လည်ထွက်ရှိလာခဲ့ပါတယ်။
အဆိုတော် ပိုပို ဟာ ပရိသတ်တွေကို နားလည်မှု့လွဲသွားတဲ့ ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အခုလိုပဲပြန်လည်တောင်းပန်လာခဲ့ပါတယ်။ ” ပို့ကို အရမ်းချစ်ကြတဲ့ ပြည်သူတွေကို စိတ်ပျက်အောင် လုပ်မိတာ တောင်းပန်ပါတယ်။
ပိုပိုက ပြည်သူ့ အတွက်ပါ။ ပြည်သူ မုန်းတာကို မခံစားနိုင်ပါဘူး။ မပျော်ရတာတွေ များရတဲ့ ကြားထဲမှာ ပိုပို့ ကြောင့် ပြည်သူတွေ တစ်ချက်ကလေး စိတ်ဆင်းရဲရတာကိုတောင် မလိုချင်ပါဘူး။
ပိုပို စိတ်မ ကောင်းအောင် လုပ်မိလို့ ထပ်ခါ ထပ်ခါအနူးအညွှတ်တောင်းပန်ပါတယ် ရှင်။ ထပ်ခါ ထပ်ခါ တောင်းပန်ပါတယ်
ပိုလဲ အရမ်း စိတ်မကောင်းဖြစ်နေလို့ပါ ပြည်သူတွေကို ပိုအရမ်းချစ်ပါတယ် ” လို့ အဆိုတော် ပိုပို ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ အဆိုတော် ပိုပို ရဲ့ ပရိသတ်တွေအတွက် ရေးသားထားတဲ့ တောင်းပန်စာလေးကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ျပည္သူေတြက မုန္းသြားတာကို မခံစားႏိုင္ေတာ့လို႔ ထပ္ခါတလဲလဲ ေတာင္းပန္လိုက္တဲ့ အဆိုေတာ္ ပိုပို
ခ်ိဳသာတဲ့အသံေလးကို ပိုင္ဆိုင္ထားၿပီး ပရိသတ္အားေပးလက္ခံမႈ႕ေပါင္းမ်ားစြာရရွိထားတဲ့ သီခ်င္းေကာင္းေလးမ်ားစြာ ထြက္ရွိထားတဲ့ အဆိုေတာ္ ပိုပို ကိုေတာ့ အားလုံးကခ်စ္ခင္ၾကမွာပါပဲေနာ္။
ပရိသတ္နဲ႔စတင္ထိေတြ႕တဲ့အခ်ိန္ကတည္းက သူမရဲ႕ေယာက္က်ားဆန္ဆန္ ပုံစံေလးေတြေၾကာင့္လဲ ပိုပိုအားေပးခဲ့ၾကရတာပါ။
ေဖေဖာ္ဝါရီလကတည္းက အမွန္တရားဘက္ကေန ရပ္တည္ခဲ့တဲ့အႏုပညာရွင္တစ္ဦးျဖစ္ၿပီး ေႏြဦးေတာ္လွန္ေရးမွာလဲ အစြမ္းကုန္ပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ နဲ႔ဖမ္းဆီးခံခဲ့ရတာ ၂ ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ပါတယ္။
အက်ဥ္းက်ခံေနရတာေၾကာင့္ ဂီတေလာကကေန ၂ ႏွစ္နီးပါးေပ်ာက္ကြယ္ေနေပမယ့္ ပရိသတ္ေတြဟာ မေမ့မေလ်ာ့နဲ႔ သူမရဲ႕ဂီကို ဆက္လက္ေစာင့္ၾကည့္အားေပးေနခဲ့ပါတယ္။
အဆိုေတာ္ ပိုပို ဟာ Live Sale ေလးေတြနဲ႔ ျပန္လည္ထြက္ေပၚလာၿပီး သီခ်င္းအသစ္ေလးေတြလဲ ျပန္လည္ထြက္ရွိလာခဲ့ပါတယ္။
အဆိုေတာ္ ပိုပို ဟာ ပရိသတ္ေတြကို နားလည္မႈ႕လြဲသြားတဲ့ ကိစၥတစ္ခုနဲ႔ပတ္သက္ၿပီး အခုလိုပဲျပန္လည္ေတာင္းပန္လာခဲ့ပါတယ္။ ” ပို႔ကို အရမ္းခ်စ္ၾကတဲ့ ျပည္သူေတြကို စိတ္ပ်က္ေအာင္ လုပ္မိတာ ေတာင္းပန္ပါတယ္။
ပိုပိုက ျပည္သူ႔ အတြက္ပါ။ ျပည္သူ မုန္းတာကို မခံစားႏိုင္ပါဘူး။ မေပ်ာ္ရတာေတြ မ်ားရတဲ့ ၾကားထဲမွာ ပိုပို႔ ေၾကာင့္ ျပည္သူေတြ တစ္ခ်က္ကေလး စိတ္ဆင္းရဲရတာကိုေတာင္ မလိုခ်င္ပါဘူး။
ပိုပို စိတ္မ ေကာင္းေအာင္ လုပ္မိလို႔ ထပ္ခါ ထပ္ခါအႏူးအၫႊတ္ေတာင္းပန္ပါတယ္ ရွင္။ ထပ္ခါ ထပ္ခါ ေတာင္းပန္ပါတယ္
ပိုလဲ အရမ္း စိတ္မေကာင္းျဖစ္ေနလို႔ပါ ျပည္သူေတြကို ပိုအရမ္းခ်စ္ပါတယ္ ” လို႔ အဆိုေတာ္ ပိုပို ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။
ပရိသတ္ႀကီးေရ အဆိုေတာ္ ပိုပို ရဲ႕ ပရိသတ္ေတြအတြက္ ေရးသားထားတဲ့ ေတာင္းပန္စာေလးကို မူရင္းအတိုင္း ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။