celebrity news

သံတိုင်ကြားမှာပဲ ဖြတ်သန်းနေရတဲ့ လူရွှင်တော် ကောင်းကျော် ရဲ့မွေးနေ့ကို မျက်ရည်များနဲ့ ဆုတောင်းပေးခဲ့တဲ့ ဇနီးဖြစ်သူ

တစ်ချိန်က မြန်မာ့ဇာတ်သဘင်လောကရဲ့ အငြိမ့်ဇာတ်ခုံပေါ်ကနေ ပရိသတ်တွေကို ပြက်လုံးတွေနဲ့ဖျော်ဖြေခဲ့တဲ့ ရွှေညီကို လူရွှင်တော်အဖွဲ့ ရဲ့လူရွှင်တော်တစ်ဦးဖြစ်တဲ့ ကောင်းကျော် ကတော့ လက်ရှိအချိန်မှာ အင်းစိန်ထောင်ထဲမှာ အကျဥ်းကျခံနေရတာပါ။ စစ်လော်ဘီတစ်ဦးဖြစ်တဲ့ ဟန်ငြိမ်းဦး ရဲ့လှုံ့ဆော်မှု့ကြောင့် လူရွှင်တော် ကောင်းကျော် ကို ၂၀၂၁ ဧပြီလ ၉ ရက်နေ့မှာ သာကေတနေအိမ်ထိ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ လူရွှင်တော် ကောင်းကျော် အကျဥ်းကျခံနေရတာ ဒီကနေ့နဲ့ဆို ၉လနီးပါးကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

လွတ်လပ်ရေးနေ့က အကျဥ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့ပေမယ့် လူရွှင်တော် ကောင်းကျော်တစ်ဦးမပါဝင်ခဲ့ပြန်ပါဘူး။ ဒါကြောင့်လဲ ဒီကနေ့မှာ ကျရောက်တဲ့ ကောင်းကျော် ရဲ့ မွေးနေ့ကို ဇနီးဖြစ်သူ ရဲ့ မွေးနေ့ဆုတောင်းစကားလေးဟာ အားလုံးအတွက် ဝမ်းနည်းစရာကောင်းလောက်အောင် ဖြစ်ခဲ့ကြရပါတယ်။ “6 – 1 – 2023 Happy birthday ဒီနေ့ မွေးနေ့မှစ၍ ၉၆ ပါးသောရောဂါများကင်းရှင်းပြီး အိမ်အမြန်ပြန်ရပါစေ အိမ်ထောင်သက် ၂၆ နှစ်လုံးလုံး ဆိုးတူကောင်းဖက် ဘဝ ကိုယ်ရိုးရိုးသားသားဖြတ်သန်းလာခဲ့ကြတာ မရှိတူရှိတူ အဖေ လိုတစ်မျုိး အကိုလိုတစ်မျုိး ခင်ပွန်းကောင်းတစ်ယောက်လို့တစ်မျုိး ကျွန်မ အပေါ်မှာ ဂရုစိုက်ပေးခဲ့တဲ့ ရှင့် မွေးနေ့မှစ၍နေကောင်းကျန်းမာပါစေ ဖိုက်တင်းပါ ယောက်ျားရေ ” လို့ ကောင်းကျော်ရဲ့ ဇနီးဖြစ်သူ ရည်ရည်ဦး ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ လက်ရှိအချိန်ထိ မလွတ်မြောက်သေးတဲ့ လူရွှင်တော် ကောင်းကျော် ရဲ့မွေးနေ့မှာ အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး မိသားစုနဲ့ဆုံစည်းနိုင်ပါစေလို့ ကောမန့်မှတစ်ဆင့် ဆုတောင်းပေးခဲ့ပါအုန်းနော်။ မြန်မာပြည်အကြီးအမြန်ဆုံး ပြန်လည်ငြိမ်းချမ်းပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။

သံတိုင္ၾကားမွာပဲ ျဖတ္သန္းေနရတဲ့ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ ရဲ႕ေမြးေန႔ကို မ်က္ရည္မ်ားနဲ႔ ဆုေတာင္းေပးခဲ့တဲ့ ဇနီးျဖစ္သူ

တစ္ခ်ိန္က ျမန္မာ့ဇာတ္သဘင္ေလာကရဲ႕ အၿငိမ့္ဇာတ္ခုံေပၚကေန ပရိသတ္ေတြကို ျပက္လုံးေတြနဲ႔ေဖ်ာ္ေျဖခဲ့တဲ့ ေ႐ႊညီကို လူ႐ႊင္ေတာ္အဖြဲ႕ ရဲ႕လူ႐ႊင္ေတာ္တစ္ဦးျဖစ္တဲ့ ေကာင္းေက်ာ္ ကေတာ့ လက္ရွိအခ်ိန္မွာ အင္းစိန္ေထာင္ထဲမွာ အက်ဥ္းက်ခံေနရတာပါ။ စစ္ေလာ္ဘီတစ္ဦးျဖစ္တဲ့ ဟန္ၿငိမ္းဦး ရဲ႕လႈံ႕ေဆာ္မႈ႕ေၾကာင့္ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ ကို ၂၀၂၁ ဧၿပီလ ၉ ရက္ေန႔မွာ သာေကတေနအိမ္ထိ လာေရာက္ဖမ္းဆီးသြားခဲ့တာပါ။ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ အက်ဥ္းက်ခံေနရတာ ဒီကေန႔နဲ႔ဆို ၉လနီးပါးၾကာျမင့္ခဲ့ၿပီပဲ ျဖစ္ပါတယ္။

လြတ္လပ္ေရးေန႔က အက်ဥ္းသားေတြကို လြတ္ၿငိမ္းခြင့္ေပးခဲ့ေပမယ့္ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္တစ္ဦးမပါဝင္ခဲ့ျပန္ပါဘူး။ ဒါေၾကာင့္လဲ ဒီကေန႔မွာ က်ေရာက္တဲ့ ေကာင္းေက်ာ္ ရဲ႕ ေမြးေန႔ကို ဇနီးျဖစ္သူ ရဲ႕ ေမြးေန႔ဆုေတာင္းစကားေလးဟာ အားလုံးအတြက္ ဝမ္းနည္းစရာေကာင္းေလာက္ေအာင္ ျဖစ္ခဲ့ၾကရပါတယ္။ “6 – 1 – 2023 Happy birthday ဒီေန႔ ေမြးေန႔မွစ၍ ၉၆ ပါးေသာေရာဂါမ်ားကင္းရွင္းၿပီး အိမ္အျမန္ျပန္ရပါေစ အိမ္ေထာင္သက္ ၂၆ ႏွစ္လုံးလုံး ဆိုးတူေကာင္းဖက္ ဘဝ ကိုယ္႐ိုး႐ိုးသားသားျဖတ္သန္းလာခဲ့ၾကတာ မရွိတူရွိတူ အေဖ လိုတစ္မ်ဳိး အကိုလိုတစ္မ်ဳိး ခင္ပြန္းေကာင္းတစ္ေယာက္လို႔တစ္မ်ဳိး ကြၽန္မ အေပၚမွာ ဂ႐ုစိုက္ေပးခဲ့တဲ့ ရွင့္ ေမြးေန႔မွစ၍ေနေကာင္းက်န္းမာပါေစ ဖိုက္တင္းပါ ေယာက္်ားေရ ” လို႔ ေကာင္းေက်ာ္ရဲ႕ ဇနီးျဖစ္သူ ရည္ရည္ဦး ရဲ႕ လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။

ပရိသတ္ႀကီးေရ လက္ရွိအခ်ိန္ထိ မလြတ္ေျမာက္ေသးတဲ့ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ ရဲ႕ေမြးေန႔မွာ အျမန္ဆုံးျပန္လည္လြတ္ေျမာက္ၿပီး မိသားစုနဲ႔ဆုံစည္းႏိုင္ပါေစလို႔ ေကာမန႔္မွတစ္ဆင့္ ဆုေတာင္းေပးခဲ့ပါအုန္းေနာ္။ ျမန္မာျပည္အႀကီးအျမန္ဆုံး ျပန္လည္ၿငိမ္းခ်မ္းပါေစလို႔ ေတာင္းဆုျပဳလိုက္ပါတယ္။