Cele News

လွတ်မြောက်နယ်မြေကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မိသားစုဝင်တွေကိုတောင် အသိမပေးဘဲထွက်လာခဲ့တဲ့ မင်းသားချော ဟိန်းထက်

သရုပ်ဆောင် ဟိန်းထက် ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင် ပီပြင်တာကြောင့်ရယ် ချစ်ဖို့ကောင်းပြီး အပြုံးလေးတွေက ဆွဲဆောင်မှုရှိတာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားချောပဲဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသား ဟိန်းထက် ကတော့ အလှူအတန်းတွေမှာလဲ ရက်ရက်ရောရောရှိသူ တစ်ဦးလဲဖြစ်ပါတယ်။ ဟိန်းထက်က တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကရဲရဲဝံဝံ ပါဝင်ခဲ့ပါတယ်။ တော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တယ်ဆိုပေမယ့်လဲ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တော်လှန်ရေးနဲ့ ပတ်သတ်ပြီး အနည်းငယ်မျှသာ တင်လေ့ရှိတဲ့အတွက် ပရိတ်သတ်တွေရဲ့ဝေဖန်ခြင်းကို ခံခဲ့ရပါသေးတယ်။ လွတ်မြောက်နယ်မြေကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မိသားစုဝင်တွေကို တောင်အသိမပေးဘဲထွက်လာခဲ့တာလို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

လတ်တေလာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေနဲ့အတူ အနုပညာရှင်အချို့ အဖမ်းခံခဲ့ရပြီး ထောင်ထဲရောက်နေတာလည်း ဖြစ်ပါတယ်။ တချို့ကလည်း လွတ်မြောက်နယ်မြေကို ရောက်နေပြီး စစ်သင်တန်းတွေ တတ်ရောက်နေတာလည်း ဖြစ်ပါတယ်။ ဟိန်းထက် ကလည်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကိုလက်နက်ကိုင်ပြီး တော်လှန်နေတာလည်းဖြစ်ပါတယ်။ ဟိန်းထက် ကတော့မှန်ကန်တဲ့နည်းလမ်းကိုရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်အကောင်းဆုံးရှေ့ဆက်သွားမယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ ဟိန်းထက် က ‘နှောင်ကြိုးတွေကိုဖြတ်ပြီးသားပါ၊ ကျနော့် ရပ်တည်ချက်၊ ကျနော့် ယုံကြည်မှုအတွက် ရွေးခဲ့တဲ့လမ်း၊ မိသားစုတောင်အသိမပေးပဲလုပ်ခဲ့တဲ့အရာ ၊ကျနော်တစ်ယောက်တည်းဆက်လျှောက်မှာပါ’ ဆိုပြီးတော့သူရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်၊ လွတ်မြောက်နယ်မြေကနေ ဟိန်းထက် ရေးသားထားတဲ့စာကို ပရိတ်သတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

ကဲ…ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ မင်းသားချော ဟိန်းထက် ကိုအားပေးစကားလေးပြောပေးခဲ့ပါအုန်းနော်။ Cele Only ပရိတ်သတ်ကြီးရေ အနုပညာရှင်သမားတွေဖြစ်ပေမယ့်အမှန်တရားကိုချစ်မြတ်နိုးတာကြောင့် ပြည်သူတွေနဲ့အတူ တတက်တအားပါဝင်နေကြတဲ့ အနုပညာရှင် အတတ်ပညာရှင်တွေအတွက်လည်း ဆုမွန်ကောင်းလေးတွေ ကွန်မန့်မှာပေးခဲ့ကြပါဦး။

လြတ္ေျမာက္နယ္ေျမကို ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ မိသားစုဝင္ေတြကိုေတာင္ အသိမေပးဘဲထြက္လာခဲ့တဲ့ မင္းသားေခ်ာ ဟိန္းထက္

သ႐ုပ္ေဆာင္ ဟိန္းထက္ ကေတာ့ MRTV-4 ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း သ႐ုပ္ေဆာင္ ပီျပင္တာေၾကာင့္ရယ္ ခ်စ္ဖို႔ေကာင္းၿပီး အၿပဳံးေလးေတြက ဆြဲေဆာင္မႈရွိတာေၾကာင့္ ပရိတ္သတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားတဲ့ မင္းသားေခ်ာပဲျဖစ္ပါတယ္။ ေအာင္ျမင္မႈေတြရရွိထားတဲ့ မင္းသား ဟိန္းထက္ ကေတာ့ အလႉအတန္းေတြမွာလဲ ရက္ရက္ေရာေရာရွိသူ တစ္ဦးလဲျဖစ္ပါတယ္။ ဟိန္းထက္က ေတာ္လွန္ေရးႀကီးမွာလဲ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကရဲရဲဝံဝံ ပါဝင္ခဲ့ပါတယ္။ ေတာ္လွန္ေရးႀကီးမွာ ပါဝင္ခဲ့တယ္ဆိုေပမယ့္လဲ သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေတာ္လွန္ေရးနဲ႔ ပတ္သတ္ၿပီး အနည္းငယ္မွ်သာ တင္ေလ့ရွိတဲ့အတြက္ ပရိတ္သတ္ေတြရဲ႕ေဝဖန္ျခင္းကို ခံခဲ့ရပါေသးတယ္။ လြတ္ေျမာက္နယ္ေျမကို ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ မိသားစုဝင္ေတြကို ေတာင္အသိမေပးဘဲထြက္လာခဲ့တာလို႔ ပရိသတ္ေတြကို ေျပာျပခဲ့ပါတယ္။

လတ္ေတလာျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ျပည္သူေတြနဲ႔အတူ အႏုပညာရွင္အခ်ိဳ႕ အဖမ္းခံခဲ့ရၿပီး ေထာင္ထဲေရာက္ေနတာလည္း ျဖစ္ပါတယ္။ တခ်ိဳ႕ကလည္း လြတ္ေျမာက္နယ္ေျမကို ေရာက္ေနၿပီး စစ္သင္တန္းေတြ တတ္ေရာက္ေနတာလည္း ျဖစ္ပါတယ္။ ဟိန္းထက္ ကလည္း လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီး စစ္အာဏာရွင္ကိုလက္နက္ကိုင္ၿပီး ေတာ္လွန္ေနတာလည္းျဖစ္ပါတယ္။ ဟိန္းထက္ ကေတာ့မွန္ကန္တဲ့နည္းလမ္းကိုေ႐ြးခ်ယ္ခဲ့တာျဖစ္တဲ့အတြက္အေကာင္းဆုံးေရွ႕ဆက္သြားမယ္ဆိုၿပီးေတာ့ေျပာၾကားခဲ့ပါတယ္။ ဟိန္းထက္ က ‘ေႏွာင္ႀကိဳးေတြကိုျဖတ္ၿပီးသားပါ၊ က်ေနာ့္ ရပ္တည္ခ်က္၊ က်ေနာ့္ ယုံၾကည္မႈအတြက္ ေ႐ြးခဲ့တဲ့လမ္း၊ မိသားစုေတာင္အသိမေပးပဲလုပ္ခဲ့တဲ့အရာ ၊က်ေနာ္တစ္ေယာက္တည္းဆက္ေလွ်ာက္မွာပါ’ ဆိုၿပီးေတာ့သူရဲ႕လူမႈကြန္ယက္ထက္မွာေရးသားေဖာ္ျပထားပါတယ္၊ လြတ္ေျမာက္နယ္ေျမကေန ဟိန္းထက္ ေရးသားထားတဲ့စာကို ပရိတ္သတ္ေတြအတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

ကဲ…ပရိသတ္ႀကီးေရ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတဲ့ မင္းသားေခ်ာ ဟိန္းထက္ ကိုအားေပးစကားေလးေျပာေပးခဲ့ပါအုန္းေနာ္။ Cele Only ပရိတ္သတ္ႀကီးေရ အႏုပညာရွင္သမားေတြျဖစ္ေပမယ့္အမွန္တရားကိုခ်စ္ျမတ္ႏိုးတာေၾကာင့္ ျပည္သူေတြနဲ႔အတူ တတက္တအားပါဝင္ေနၾကတဲ့ အႏုပညာရွင္ အတတ္ပညာရွင္ေတြအတြက္လည္း ဆုမြန္ေကာင္းေလးေတြ ကြန္မန႔္မွာေပးခဲ့ၾကပါဦး။