Cele News

ကြိုးစားတော်လှန်နေတာတွေဟာ အမေစုကြောင့်လုပ်တာမဟုတ်ဖူး ဆိုတဲ့ ဟားငါးကောင် လူရွှင်တော် ပိုးလေး

ပရိသတ်ကြီးရေ မြန်မာ့ဇာတ်သဘင်လောကရဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကိုတော့ အားလုံးပဲသိကြမှာပါ။

နွေဦးတော်လှန်ရေးစတင်ထဲက ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့ကြတဲ့ ဟားငါး‌ကောင်အဖွဲ့ ဟာ လက်ရှိအချိန်မှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး တော်လှန်ရေးတာဝန်တွေကို အရှိန်အဟုန်နဲ့ကြိုးစားပါဝင်နေကြတာပါ။

ဟားငါးကောင်ဟာ ရံဖန်ရံခါဆိုသလို ကော်ဘရာစစ်ကြောင်းနဲ့အတူ အန္တရယ်ရှိတဲ့စစ်ဆင်ရေးတွေကို လိုက်ပါလေ့ရှိကြပါတယ်။

ဒါအပြင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော် ပိုးလေး ဟာ ကလေးတွေနဲ့အမျိုးသမီးကိုပါ လွတ်မြောက်နယ်မြေကို ရောက်အောင်ခေါ်ဆောင်လာပြီး မိသားစုလိုက်တော်လှန်နေတာပဲ ဖြစ်ပါတယ်။

လူရွှင်တော် ပိုးလေး ဟာတော်လှန်ရေးကို ကြိုးစားလုပ်ဆောင်နေတာဟာ အမေစုကြောင့်မဟုတ်ဖူးဆိုပြီး အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

” အမေစုကိုလွှတ်ပေးရင်တော့ ဝမ်းသာမယ်(မလွှတ်ပေးရဲဘူးဆိုတာလည်းသိပါတယ်)။ဒါပေမယ့် ဒီတော်လှန်ရေးက အမေစုကြောင့် လုပ်နေကြတာမဟုတ်ဘူး။

NLD ကြောင့် စစ်ခွေးတွေကို တော်လှန်နေကြတာမဟုတ်ဘူး။ငါတို့နိုင်ငံစစ်ခွေးလက်အောက်က လွတ်အောင်ရုံးထွက်ကြဖို့ အားလုံးလုပ်နေကြတာ” လို့ လူရွှင်တော်ပိုးလေး ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ လူရွှင်တော် ပိုးလေး ရေးသားထားတဲ့ စာသားတွေရဲ့အဓိပ္ပာယ်တွေကို နားလည်ပါရဲ့လားနော်။

တော်လှန်ရေးလုပ်နေတာဟာ အာဏာရှင်စနစ်ရဲလက်အောက်ကနေ ရုန်းထွက်ဖို့ကြိုးစားနေတာပါ၊ဒါကြောင့် သွေးမအေးပဲ ကြိုးစားပါဝင်ကြပါအုန်းလို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပြီး အာဏာရှင်စနစ်မှ လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။










