ပရိသတ်ကြီး တစ်ခေတ်တခါထဲက နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော် ကိုတော့ အားလုံးကလက်ရှိအချိန်ထိ ချစ်ခင်အားပေးနေဆဲပဲ ဖြစ်မှာပါ။ သူမကတော့ ဗီဒီယိုတစ်ခေတ်မှာ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အလွှာစုံကပရိသတ်တွေရဲ့ အားပေးမှု့ကို ရရှိခဲ့တဲ့သူပါ။ ငယ်စဥ်ကတည်းက ချောမောလှပသူဖြစ်ပြီး မျိုးစန္ဒီကျော် လို့ဆိုလိုက်ရင် သူမရဲ့ထူးခြားတဲ့ဟန်ပန်အမူအရာ ဇင်ယော်တောင်မျက်ခုံး၊ သမင်မျက်လုံးလှလှလေးတွေကို ပြေးမြင်မိကြမှာပါ။
သရုပ်ဆောင် မျိုးစန္ဒီကျော် ဟာ အိမ်ထောင်ပြုပြီး အနုပညာအလုပ်တွေနဲ့ အတန်ငယ်ဝေးကွာသွားခဲ့ပေမယ့် ပရိသတ်တွေကတော့ ချစ်ခင်သတိရနေဆဲပါ။ သူမမှာအရမ်းကိုချစ်ဖို့ကောင်းပြီး မျိုးစန္ဒီကျော် အငယ်စားလေးလို့ တင်စားရလောက်အောင် အသည်းယားဖို့ကြောင်းတဲ့ သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ သူမတို့ရဲ့အိမ်ထောင်ရေးက အကြောင်းအရာအမျိုးအမျိုးကြောင့် ပြိုကွဲခဲ့ရပေမယ့် ချစ်ရတဲ့သမီးလေးနဲ့အတူ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။
လက်ရှိအချိန်မှာတော့ မျိုးစန္ဒီကျော် ဟာ ရွှေဆိုင်တွေအတွက် Live Sale ရောင်းချပေးနေတာဖြစ်ပြီး သူမရဲ့လှပနေကျော့ရှင်းနေတဲ့ အလှတရားတွေကို Live Sale ထဲမှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ ၈ ရက်နေ့ကတော့ သူမရဲ့ ၄၃ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ၄၃ နှစ်ပြည့်လို့ ၄၄ နှစ်ထဲရောက်နေပေမယ့် နုပျိုလှပနေဆဲ သူမရဲ့အလှတရားတွေကို ပရိသတ်တွေက အားကျနေကြရတာပါ။
၄၃ နှစ်ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော် ရဲ့မွေးနေ့လေးအတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော်။ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။
မိန္းကေလးတိုင္းအားက်ရတဲ့ အ႐ြယ္တင္ႏုပ်ိဳေနဆဲ ေလးဆယ္ေက်ာ္အလွတရားေတြနဲ႔ သ႐ုပ္ေဆာင္ မ်ိဳးစႏၵီေက်ာ္
ပရိသတ္ႀကီး တစ္ေခတ္တခါထဲက နာမည္ႀကီးခဲ့တဲ့ သ႐ုပ္ေဆာင္ မ်ိဳးစႏၵီေက်ာ္ ကိုေတာ့ အားလုံးကလက္ရွိအခ်ိန္ထိ ခ်စ္ခင္အားေပးေနဆဲပဲ ျဖစ္မွာပါ။ သူမကေတာ့ ဗီဒီယိုတစ္ေခတ္မွာ ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ၿပီး အလႊာစုံကပရိသတ္ေတြရဲ႕ အားေပးမႈ႕ကို ရရွိခဲ့တဲ့သူပါ။ ငယ္စဥ္ကတည္းက ေခ်ာေမာလွပသူျဖစ္ၿပီး မ်ိဳးစႏၵီေက်ာ္ လို႔ဆိုလိုက္ရင္ သူမရဲ႕ထူးျခားတဲ့ဟန္ပန္အမူအရာ ဇင္ေယာ္ေတာင္မ်က္ခုံး၊ သမင္မ်က္လုံးလွလွေလးေတြကို ေျပးျမင္မိၾကမွာပါ။
သ႐ုပ္ေဆာင္ မ်ိဳးစႏၵီေက်ာ္ ဟာ အိမ္ေထာင္ျပဳၿပီး အႏုပညာအလုပ္ေတြနဲ႔ အတန္ငယ္ေဝးကြာသြားခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ ခ်စ္ခင္သတိရေနဆဲပါ။ သူမမွာအရမ္းကိုခ်စ္ဖို႔ေကာင္းၿပီး မ်ိဳးစႏၵီေက်ာ္ အငယ္စားေလးလို႔ တင္စားရေလာက္ေအာင္ အသည္းယားဖို႔ေၾကာင္းတဲ့ သမီးေလးတစ္ဦးကို ပိုင္ဆိုင္ထားပါတယ္။ သူမတို႔ရဲ႕အိမ္ေထာင္ေရးက အေၾကာင္းအရာအမ်ိဳးအမ်ိဳးေၾကာင့္ ၿပိဳကြဲခဲ့ရေပမယ့္ ခ်စ္ရတဲ့သမီးေလးနဲ႔အတူ ဘဝကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းေနတာပါ။
လက္ရွိအခ်ိန္မွာေတာ့ မ်ိဳးစႏၵီေက်ာ္ ဟာ ေ႐ႊဆိုင္ေတြအတြက္ Live Sale ေရာင္းခ်ေပးေနတာျဖစ္ၿပီး သူမရဲ႕လွပေနေက်ာ့ရွင္းေနတဲ့ အလွတရားေတြကို Live Sale ထဲမွာ ေတြ႕ျမင္ရမွာပဲ ျဖစ္ပါတယ္။ မေန႔က ဇန္နဝါရီလ ၈ ရက္ေန႔ကေတာ့ သူမရဲ႕ ၄၃ ႏွစ္ျပည့္ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လဲ ၄၃ ႏွစ္ျပည့္လို႔ ၄၄ ႏွစ္ထဲေရာက္ေနေပမယ့္ ႏုပ်ိဳလွပေနဆဲ သူမရဲ႕အလွတရားေတြကို ပရိသတ္ေတြက အားက်ေနၾကရတာပါ။
၄၃ ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ မ်ိဳးစႏၵီေက်ာ္ ရဲ႕ေမြးေန႔ေလးအတြက္ ဆုေတာင္းစကားေလးေတြကို ေကာမန႔္မွာ ေရးသားသြားေပးခဲ့အုန္းေနာ္။ သာယာေပ်ာ္႐ႊင္ဖို႔ေကာင္းတဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။