ပရိသတ်ကြီးရေ အမရာလေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော် အိမ့်ချစ်ရဲ့ သမီးချောလေးပဲဖြစ်ပါတယ်။ အမရာလေးကတော့ မွေးစကတည်းက ချစ်မွှေးပါပြီး ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေကအချစ်ပိုနေရတဲ့ ကလေးလေးတစ်ယောက်ဖြစ်နေခဲ့ပါသေးတယ်။
အမရာလေးကတော့ လက်ရှိမှာ (၄)လသားအရွယ်လေးကိုရောက်နေခဲ့ပြီဖြစ်ပြီး မေမေအိမ့်ချစ်ကတော့ သမီးလေးအမရာရဲ့ မွေးစကနေ (၃)လအထိအဝတ်တွေကို တကယ်လိုအပ်နေတဲ့ကလေးတွေအတွက် လှူဒါန်းပေးသွားမယ့်အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။အိမ့်ချစ်က းနဲ့ (၁၀)ယောက်အတွက် လှူဒါန်းပေးမှာပါတဲ့။
အထုပ်လေးတစ်ထုပ်မှာ အဝတ်၆ထည် ဦးထုပ်၁လုံးခြေအိတ်လက်အိတ် ၁စုံ အနှီးတစ်ထည် ခါးတောင်းကြိုက် ၁ ခု ရေချိုးဆပ်ပြာ (သို့) baby lotion စတာလေးတွေပါကိုပါ ပေးသွားမှာပါတဲ့။ ပရိသတ်ကြီးရေ ဒီအလှူလေးကတော့ Amara ရဲ့ နှစ်သစ်မေတ္တာလက်ဆောင်လေးပါတဲ့နော်။
အမရာလေးမွေးစကနေ (၃)လအထိ အဝတ်တွေကို ပြန်လည်လှူဒါန်းသွားမယ့် အိမ့်ချစ်