Cele News

အဖေတူသားလေးကို ဒီကနေ့မှာ ပိုင်ဆိုင်သွားပြီဖြစ်တဲ့ အဆိုတော် ဝန တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ ရော့ခ်သီချင်းအကြမ်းစားတွေကို ဖန်တီးသီဆိုတတ်ပြီး နာမည်ကြီးလူကြိုက်များလာတဲ့ အဆိုတော် ဝန ကိုတော့အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်‌။ ဒါအပြင် အချစ်သီချင်းချိုချိုလေးတွေကိုလဲ ပရိသတ်ရင်ထဲရောက်အောင် ဖန်တီးသီဆိုနိုင်တာကြောင့်လဲ သူ့ရဲ့သီချင်းတွေဟာ အရမ်းကိုအောင်မြင်ကျော်ကြားပါတယ်။

“အနီးဆုံးလူ”ဆိုတဲ့သီချင်းလေးဟာလဲ ယောက်ကျားလေးပရိသတ်တွေ အရမ်းကိုကြိုက်နှစ်သက်ကြတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။တချိန်က ဆံပင်ရှည်ကြီးနဲ့ ရော့ခ်သီချင်းကြမ်းကြမ်းတွေကို သီဆိုတတ်တဲ့ ဝန ဟာ အရမ်းချစ်ရတဲ့ချစ်သူလေးနဲ့ ‌ရွှေလက်တွဲခဲ့ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးခရီးလမ်းကို ဖြတ်သန်းနေတာပါ။

ဒီကနေ့မှာတော့ ရော့ခ်အဆိုတော်ကြီး ဝန ရဲ့ ဝမ်းသာစရာသတင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ မျှော်လင့်နေတဲ့ သားဦးလေးကို ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့၊မနက် ၈ နာရီ ၁၉ မိနစ်အချိန်မှာ ကျန်းကျန်းမာမာနဲ့ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကို သားငယ်လေးရဲ့ဓာတ်ပုံလေးတွေနဲ့အတူ ” ဖေဖေ့ နှလုံးသားလေး ” ဆိုပြီး ဓာတ်ပုံလေးတွေနဲ့အတူ မျှဝေထားပါတယ်။



