မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကြောင့် အနုပညာရှင်တွေအားလုံးနီးပါးဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေကြပြီး အချို့အနုပညာရှင်တွေဆိုရင် ကင်မရာရှေ့ကနေ ပျောက်ကွယ်နေပြီး အနုပညာကို ရပ်နားထားတဲ့အထိ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အနုပညာအလုပ်နဲ့ပဲ အသက်မွေးတတ်ပြီး ငွေကြေးမချမ်းသာတဲ့ ဇာတ်ပို့၊ဇာတ်ရန် အစရှိတဲ့ အလွှာစုံကအနုပညာရှင်တွေအားလုံး ဒုက္ခရောက်ကြရပါတယ်။ အခုဆိုရင်တော့ နှုတ်ခမ်းမွှေးထူထူနဲ့ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျစ်သားကြီးကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ လက်ရှိကာလမှာတော့ တစ်လမှာ တစ်ခါနှစ်ခါလောက် ဇာတ်ကားရိုက်ကူးမှု့လေးတွေမှာ ပါဝင်နေပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။
လူကြမ်းသရုပ်ဆောင် ဂျစ်သား ဟာဇာတ်ကားတွေ ပေါပေါများများရိုက်ကူးခဲ့ရတဲ့ အချိန်မှာတောင် အနုပညာမှရတဲ့ ငွေကြေးနဲ့ အိမ်ရဲ့မိသားစုရဲ့ အိမ်စရိတ်မလောက်ခဲ့ဘဲ အခုလို အနုပညာလုပ်ငန်းတွေ ရပ်နားထားတဲ့အချိန်မှာဆိုရင် အခက်အခဲတွေရှိခဲ့ပါတယ်။ ဒါကြောင့်လဲ လိုအပ်တဲ့ငွေကြေးကို ချေးလိုက်ငှားလိုက် ပြန်ဆပ်လိုက်နဲ့ပဲ လည်ပတ်နေရပါတယ်လို့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ခံစားချက်တွေကို ဖော်ထုတ်ခဲ့ပါတယ်။ အသက်အရွယ်ပိုင်းအရကြောင့် ဖိုက်တင်းတွေကို အရင်လိုမထိုးနိုင်တော့တဲ့အပြင် ဇာတ်ကားထဲမှာ ဖိုက်တင်ထိုးတဲ့အခါ မင်းသားတွေကိုထိအောင်ထိုးလို့မရဘဲ ထိသွားရင်အပယ်ခံရမှာပါလို့ လဲ ရင်ဖွင့်ခဲ့ပါသေးတယ်။ ဒါပေမယ့်လဲ “လူကြမ်းတွေဘဝမှာ မင်းသားတွေကို ထိတယ်ဆိုတာ တော်တော်ရှားပါတယ် ကိုလူချောတွေက မင်းသားတွေကို ဘယ်တော့မှမထိဘူး ထိလဲထိခဲတယ် ဒါပေမယ့် လူကြမ်းတွေကိုထိရင်တော့ ဆောတီးတစ်လုံးနဲ့ပဲပြီးသွားကြတယ်” လို့ ဆိုပါတယ်။
ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်မြောက်ဖို့အတွက် ဇာတ်ဆောင်တွေအပြင် လူကြမ်းတွေ၊စက်အဖွဲ့တွေ၊ကင်မရာမန်းတွေ အားလုံးနောက်ကွယ်ကနေ ကြိုးစားခဲ့ကြပေမယ့် ပရိသတ်တွေက ရုပ်ရှင်မင်းသားမင်းသမီးတွေကိုပဲ အားပေးချစ်ခင်ကြပါတယ်။ ဒါကြောင့်လဲ လူကြမ်းသရုပ်ဆောင် ဂျစ်သား ကတော့ “ကျွန်တော်တို့ လူကြမ်းတွေမှာလဲ နူးညံ့တဲ့အသည်းနှလုံးရှိပါတယ် ၊ ချစ်ပေးကြပါအုန်းလို့ ” ချစ်ပရိသတ်တွေကို တောင်းဆိုထားပါတယ်။
လူၾကမ္းေတြမွာ ႏူးညံ့တဲ့အသည္းႏွလုံးရွိလို႔ ခ်စ္ေပးၾကပါအုန္းလို႔ ဆိုတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ ဂ်စ္သား
ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေတြေၾကာင့္ အႏုပညာရွင္ေတြအားလုံးနီးပါးဟာ အလုပ္အကိုင္အခြင့္အလမ္းေတြ နည္းပါးေနၾကၿပီး အခ်ိဳ႕အႏုပညာရွင္ေတြဆိုရင္ ကင္မရာေရွ႕ကေန ေပ်ာက္ကြယ္ေနၿပီး အႏုပညာကို ရပ္နားထားတဲ့အထိ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ အႏုပညာအလုပ္နဲ႔ပဲ အသက္ေမြးတတ္ၿပီး ေငြေၾကးမခ်မ္းသာတဲ့ ဇာတ္ပို႔၊ဇာတ္ရန္ အစရွိတဲ့ အလႊာစုံကအႏုပညာရွင္ေတြအားလုံး ဒုကၡေရာက္ၾကရပါတယ္။ အခုဆိုရင္ေတာ့ ႏႈတ္ခမ္းေမႊးထူထူနဲ႔ လူၾကမ္းသ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ကိုဂ်စ္သားႀကီးကိုေတာ့ အားလုံးပဲ မွတ္မိၾကအုန္းမယ္ ထင္ပါတယ္။ လက္ရွိကာလမွာေတာ့ တစ္လမွာ တစ္ခါႏွစ္ခါေလာက္ ဇာတ္ကား႐ိုက္ကူးမႈ႕ေလးေတြမွာ ပါဝင္ေနၿပီး မိသားစုစားဝတ္ေနေရးကို ေျဖရွင္းေနရပါတယ္။
လူၾကမ္းသ႐ုပ္ေဆာင္ ဂ်စ္သား ဟာဇာတ္ကားေတြ ေပါေပါမ်ားမ်ား႐ိုက္ကူးခဲ့ရတဲ့ အခ်ိန္မွာေတာင္ အႏုပညာမွရတဲ့ ေငြေၾကးနဲ႔ အိမ္ရဲ႕မိသားစုရဲ႕ အိမ္စရိတ္မေလာက္ခဲ့ဘဲ အခုလို အႏုပညာလုပ္ငန္းေတြ ရပ္နားထားတဲ့အခ်ိန္မွာဆိုရင္ အခက္အခဲေတြရွိခဲ့ပါတယ္။ ဒါေၾကာင့္လဲ လိုအပ္တဲ့ေငြေၾကးကို ေခ်းလိုက္ငွားလိုက္ ျပန္ဆပ္လိုက္နဲ႔ပဲ လည္ပတ္ေနရပါတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ သူ႔ရဲ႕ခံစားခ်က္ေတြကို ေဖာ္ထုတ္ခဲ့ပါတယ္။ အသက္အ႐ြယ္ပိုင္းအရေၾကာင့္ ဖိုက္တင္းေတြကို အရင္လိုမထိုးႏိုင္ေတာ့တဲ့အျပင္ ဇာတ္ကားထဲမွာ ဖိုက္တင္ထိုးတဲ့အခါ မင္းသားေတြကိုထိေအာင္ထိုးလို႔မရဘဲ ထိသြားရင္အပယ္ခံရမွာပါလို႔ လဲ ရင္ဖြင့္ခဲ့ပါေသးတယ္။ ဒါေပမယ့္လဲ “လူၾကမ္းေတြဘဝမွာ မင္းသားေတြကို ထိတယ္ဆိုတာ ေတာ္ေတာ္ရွားပါတယ္ ကိုလူေခ်ာေတြက မင္းသားေတြကို ဘယ္ေတာ့မွမထိဘူး ထိလဲထိခဲတယ္ ဒါေပမယ့္ လူၾကမ္းေတြကိုထိရင္ေတာ့ ေဆာတီးတစ္လုံးနဲ႔ပဲၿပီးသြားၾကတယ္” လို႔ ဆိုပါတယ္။
႐ုပ္ရွင္ဇာတ္ကားတစ္ကား ျဖစ္ေျမာက္ဖို႔အတြက္ ဇာတ္ေဆာင္ေတြအျပင္ လူၾကမ္းေတြ၊စက္အဖြဲ႕ေတြ၊ကင္မရာမန္းေတြ အားလုံးေနာက္ကြယ္ကေန ႀကိဳးစားခဲ့ၾကေပမယ့္ ပရိသတ္ေတြက ႐ုပ္ရွင္မင္းသားမင္းသမီးေတြကိုပဲ အားေပးခ်စ္ခင္ၾကပါတယ္။ ဒါေၾကာင့္လဲ လူၾကမ္းသ႐ုပ္ေဆာင္ ဂ်စ္သား ကေတာ့ “ကြၽန္ေတာ္တို႔ လူၾကမ္းေတြမွာလဲ ႏူးညံ့တဲ့အသည္းႏွလုံးရွိပါတယ္ ၊ ခ်စ္ေပးၾကပါအုန္းလို႔ ” ခ်စ္ပရိသတ္ေတြကို ေတာင္းဆိုထားပါတယ္။