Cele News

ကျဆုံးသွားတဲ့ သူရဲကောင်းတွေဟာ ပြည်သူတွေရဲ့ရင်ထဲမှာ ဘယ်တော့မှမသေဘူးလို့ ပြောလိုက်တဲ့ ချစ်သုဝေ

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ချစ်သုဝေ ဟာလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သတ်ပြီး ထိပ်ဆုံးကနေ ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ဒီလိုလှုပ်ရှားမှု့တွေကြောင့် သူမကို ၅၀၅ ကနဲ့တရားစွဲဆိုထားပြီးတော့ ဘေးကင်းရာမှာ တိမ်းရှောင်နေရပါတယ်။

ချစ်သုဝေ ဟာ တိမ်းရှောင်နေရင်းနဲ့ ကျရာတာဝန်ကို အဝေးတစ်နေရာကနေ ထမ်းဆောင်နေသူလဲ ဖြစ်ပါတယ်။တော်လှန်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမဲ့ စကားဝိုင်းဆွေးနွေးခန်းတွေမှာလဲ ပါဝင်ဆောင်ရှက်နေတဲ့ အနုပညာရှင်မင်းသမီးလေးတစ်ဦးလဲ ဖြစ်ပါတယ်။

သူမဟာ ကိုယ်တိုင်လက်နက်ကိုင်ပြီး တော်လှန်ရေးအတွက် မပါဝင်နိုင်ပေမယ့် ပြည်သူ့ရဲဘော်အတွက် လိုအပ်တာတွေကို ကြိုးစားထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ချစ်သုဝေ ကတော့ တော်လှန်ရေးအတွက် ကျဆုံးသွားတဲ့ ပြည်သူ့ရဲဘော်တွေနဲ အမှန်တရားဘက်တော်သားတွေနဲ့ ပတ်သက်ပြီး

“ခန္ဓာရဲ့အသက် တစ်ခါပဲရှုံး ရမယ် လူဖြစ်ခြင်းအမြတ် အရှက် နဲ့သိက္ခာ မလုံရင်အမြဲရှုံးတယ် အကြိမ်ကြိမ်​သေ အခါခါရှုံး​နေလိုက်ကြစမ်းအေးငါတို့ရင်ထဲက သူရဲ​ကောင်းအသက်​တွေက အခါခါရှင်သန်​ နေဆဲ၊ ​နေမြဲ၊ ​နေဦးမှာပဲ” လို့ ချစ်သုဝေ ဟာ သူမရဲလူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ကျဆုံးသွားတဲ့ သူရဲကောင်းတွေဟာ ပြည်သူတွေရဲ့ရင်ထဲမှာ ဘယ်တော့မှမသေဘူးပါဘူးနော်။ဒါကြောင့်လဲ တော်လှန်ရေးအတွက် ကျရာနေရာကနေ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

က်ဆုံးသြားတဲ့ သူရဲေကာင္းေတြဟာ ျပည္သူေတြရဲ႕ရင္ထဲမွာ ဘယ္ေတာ့မွမေသဘူးလို႔ ေျပာလိုက္တဲ့ ခ်စ္သုေဝ

႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ ခ်စ္သုေဝ ဟာလက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံရဲ႕အေရးနဲ႔ပတ္သတ္ၿပီး ထိပ္ဆုံးကေန ပါဝင္လႈပ္ရွားေနတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ဒီလိုလႈပ္ရွားမႈ႕ေတြေၾကာင့္ သူမကို ၅၀၅ ကနဲ႔တရားစြဲဆိုထားၿပီးေတာ့ ေဘးကင္းရာမွာ တိမ္းေရွာင္ေနရပါတယ္။

ခ်စ္သုေဝ ဟာ တိမ္းေရွာင္ေနရင္းနဲ႔ က်ရာတာဝန္ကို အေဝးတစ္ေနရာကေန ထမ္းေဆာင္ေနသူလဲ ျဖစ္ပါတယ္။ေတာ္လွန္ေရးအတြက္ ေရွ႕ဆက္လုပ္ေဆာင္ရမဲ့ စကားဝိုင္းေဆြးေႏြးခန္းေတြမွာလဲ ပါဝင္ေဆာင္ရွက္ေနတဲ့ အႏုပညာရွင္မင္းသမီးေလးတစ္ဦးလဲ ျဖစ္ပါတယ္။

သူမဟာ ကိုယ္တိုင္လက္နက္ကိုင္ၿပီး ေတာ္လွန္ေရးအတြက္ မပါဝင္ႏိုင္ေပမယ့္ ျပည္သူ႔ရဲေဘာ္အတြက္ လိုအပ္တာေတြကို ႀကိဳးစားေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။ခ်စ္သုေဝ ကေတာ့ ေတာ္လွန္ေရးအတြက္ က်ဆုံးသြားတဲ့ ျပည္သူ႔ရဲေဘာ္ေတြနဲ အမွန္တရားဘက္ေတာ္သားေတြနဲ႔ ပတ္သက္ၿပီး

“ခႏၶာရဲ႕အသက္ တစ္ခါပဲရႈံး ရမယ္ လူျဖစ္ျခင္းအျမတ္ အရွက္ နဲ႔သိကၡာ မလုံရင္အၿမဲရႈံးတယ္ အႀကိမ္ႀကိမ္​ေသ အခါခါရႈံး​ေနလိုက္ၾကစမ္းေအးငါတို႔ရင္ထဲက သူရဲ​ေကာင္းအသက္​ေတြက အခါခါရွင္သန္​ ေနဆဲ၊ ​ေနၿမဲ၊ ​ေနဦးမွာပဲ” လို႔ ခ်စ္သုေဝ ဟာ သူမရဲလူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြဟာ ျပည္သူေတြရဲ႕ရင္ထဲမွာ ဘယ္ေတာ့မွမေသဘူးပါဘူးေနာ္။ဒါေၾကာင့္လဲ ေတာ္လွန္ေရးအတြက္ က်ရာေနရာကေန ပါဝင္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။