Manu

Update: မန်ယူကို ဝယ်ဖို့အတွက် ကာတာရင်းနှီးမြှပ်နှံသူတွေနဲ့ အသင်းတာဝန်ရှိသူတွေစကားပြောနေပြီ

မန်ယူအသင်းကို ဝယ်ယူရေးနှင့်ပတ်သက်၍ ကာတာမှ ရေနံသူဌေးရင်းနှီးမြှပ်နှံသူများသည် ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ထားပြီးဖြစ်သလို နှစ်ဘက်ဆွေးနွေးမှုများလည်းပြုလုပ်နေပြီဖြစ်သည်။

မန်ယူကို ဝယ်ယူရေးအတွက်လာမည့်တစ်ပတ် သောကြာနေ့ နောက်ဆုံးထား၍ ကမ်းလှမ်းမှု ပြုလုပ်ရမည်ဟု အသင်းရောင်းဝယ်ရေးကို ကိုင်တွယ်နေသော အမေရိကန်ဘဏ်ရိန်းအုပ်စုက သတ်မှတ်ထားသည်။

ဂလေဇာမိသားစုက လိုချင်နေသော ပေါင် ၆ ဘီလီယံပမာဏကို ရရှိရန်မလွယ်ကူသော်လည်း ပေါင် ၄.၁ ဘီလီယံမှ ပေါင် ၄.၅ ဘီလီယံကြားရရှိနိုင်ကြောင်း သတင်းများက ခန့်မှန်းဖော်ပြသည်။

မန်ယူကို ဝယ်ယူမည့်သူသည် အသင်းကို ဝယ်ယူရေးအတွက်ငွေသုံးရမည့်အပြင် အိုးထရက်ဖို့ကို မဖြစ်မနေပြင်ဆင်ပေးရန်လိုအပ်နေပြီး ထို့အတွက်ပေါင် ၂ ဘီလီယံခန့်သုံးရမည်ဟုလည်း သတင်းများက ခန့်မှန်းဖော်ပြသည်။

အမေရိကန်သူဌေးဂလေဇာတို့သည် မန်ယူကို အပြီးသတ်ရောင်းချရန် သဘောတူညီမှုမရလျှင်လည်း တစ်စိတ်တစ်ပိုင်းရောင်းချနိုင်ရန်ရည်ရွယ်နေသည်။

Zawgyi