Manu sports

မန်ယူနောက်တန်းကိုအားကျနေတဲ့ကာရေဂါချီးကျူး ရုံတင် မကဘဲ လေးလေးနက်နက်တောင်းပန်ခဲ့

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါက သူဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုနောက်ခံလူ မာတီနက်ဇ်ကို အင်္ဂလန်မြေမှာ ရုန်းကန်ရလိမ့်မယ်လို့ ဝေဖန်ခဲ့ပေမယ့် မာတီနက်ဇ်က အင်္ဂလန်မြေမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့်သူ့ရဲ့ထင်မြင်ယူဆချက် မှားယွင်းခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုနောက်ခံလူ မာတီနက်ဇ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကသူ့ကို၂၀၂၈ခုနှစ်အထိသက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

မာတီနက်ဇ်က ဘောလုံးပေးပို့နိုင်စွမ်း မြင့်မားတဲ့ I Haveနောက်ခံလူ တဦး ဖြစ်သလို ဘောလုံးရှင်းထုတ်မှု အပိုင်းမှာလည်း သူမတူအောင် ထူးချွန်သူ ဖြစ်ပေမယ့် သူ့ရဲ့ အရပ်အမောင်းက ၅ပေ ၉လက်မသာ ရှိတာကြောင့် ကာရေဂါ အပါအဝင် ဘောလုံးရေးရာ ကျွမ်းကျင်သူ တချို့ကမာတီနက်ဇ်ဟာပရီးမီးယားလိဂ်လို ကြံ့ခိုင်မှု အသားပေး ကစားတတ်တဲ့ လိဂ်တခုမှာ ဗဟိုခံစစ်မှူး အဖြစ် ကစားရင် မအောင်မြင်နိုင်ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။

ဒါပေမယ့်မာတီနက်ဇ်က သူ့အပေါ် ဝေဖန်မှုတွေ မှားယွင်းကြောင်းကို ကွင်းတွင်းခြေစွမ်းတွေနဲ့ သက်သေပြခဲ့ပြီး သူနဲ့ ဗာရန်းတို့ရဲ့ ခံစစ်အတွဲဟာ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ခံစစ်အတွဲ ဖြစ်နေသလို သူတို့နှစ်ဦးကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး စာရင်းထဲ ပါဝင်တယ်လို့လည်း အများက လက်ခံလာကြပါတယ်။

မာတီနက်ဇ် တယောက် ဝေဖန်သံတွေ တိတ်သွားစေပြီးနောက် မာတီနက်ဇ်ကို ဝေဖန်ခဲ့ဖူးတဲ့ ကာရေဂါက သူ့ရဲ့ စကားတွေ မှားယွင်းခဲ့ကြောင်း ထုတ်ဖော် ဝန်ခံသလို မာတီနက်ဇ်ဟာ ယခုအချိန်မှာ အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး ဖြစ်နေပြီလို့လည်း ချီးကျူးသွားခဲ့ပါသေးတယ်။

ကာရေဂါက – “လီဆန်ဒရို မာတီနက်ဇ်က အတော်လေး ခြေစွမ်းပြထားနိုင်တဲ့ ဗဟိုနောက်ခံလူ တဦးပါ။ လူကောင် ခပ်သေးသေး ဗဟိုနောက်ခံလူ တဦးက ပရီးမီးယားလိဂ်မှာ အောင်မြင်ဖို့ ဆိုရင် ထူးခြားတဲ့ ကစားသမား တဦး ဖြစ်နေဖို့လိုပါတယ်။မာတီနက်ဇ်ကထူးခြားတဲ့ ကစားသမား တဦးပါ။

သူကမန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဓာတ်ပိုင်း အတွက် အရေးပါတဲ့ကစားသမားတဦး ဖြစ်နေပါတယ်။ ကျွန်တော်ကမန်ချက်စတာယူနိုက်တက်ရဲ့ပွဲတပွဲကိုပြီးခဲ့တဲ့ သီတင်း ပတ် အနည်းငယ်လောက်တုန်းက ကြည့်ဖြစ်ခဲ့ပါတယ်။အဲ့ဒီတုန်းကမာတီနက်ဇ်ကလူစားဝင်ကစားသမား အဖြစ်ပဲ ဝင်ကစားခွင့် ရခဲ့တာပါ။

ဒါပေမယ့် အသင်းကလည်း ဂိုးသွင်းရော သူက အသင်းဖော်တွေနဲ့ အတူ အောင်ပွဲခံတဲ့ နေရာမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ကျွန်တော်တို့တွေက အာဂျင်တီးနားနဲ့အတူ သူ့ရဲ့ တိုက်ပွဲဝင်မှုတွေကို ကြည့်ခဲ့ရပါသေးတယ်။ သူက တော်တော်လေး စိတ်ဓာတ် ပြင်းထန်တဲ့ ကစားသမားပါ။

ကစားသမားတိုင်းမှာ အားနည်းချက်တွေ ရှိကြပါတယ်။ အကောင်းဆုံး ကစားသမားတွေမှာတောင် အားနည်းချက်တွေ ရှိကြပေမယ့် သူတို့က သူတို့ရဲ့ အားနည်းချက်ကို ဖုံးကွယ်ထားနိုင်ကြပါတယ်။ မာတီနက်ဇ်ကလည်း အဲ့ဒီလိုပါပဲ။ သူက အတော်လေးကို ကောင်းတဲ့ ကစားသမား တယောက် ဖြစ်သလို ကျွန်တော့်ကိုလည်း အံ့ဩအောင် လုပ်နိုင်ခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi
မန်ယူနောက်တန်းကိုအားကျနေတဲ့ကာရေဂါချီးကျူး ရုံတင် မကဘဲ လေးလေးနက်နက်တောင်းပန်ခဲ့

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါက သူဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုနောက်ခံလူ မာတီနက်ဇ်ကို အင်္ဂလန်မြေမှာ ရုန်းကန်ရလိမ့်မယ်လို့ ဝေဖန်ခဲ့ပေမယ့် မာတီနက်ဇ်က အင်္ဂလန်မြေမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့်သူ့ရဲ့ထင်မြင်ယူဆချက် မှားယွင်းခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုနောက်ခံလူ မာတီနက်ဇ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကသူ့ကို၂၀၂၈ခုနှစ်အထိသက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

မာတီနက်ဇ်က ဘောလုံးပေးပို့နိုင်စွမ်း မြင့်မားတဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်သလို ဘောလုံးရှင်းထုတ်မှု အပိုင်းမှာလည်း သူမတူအောင် ထူးချွန်သူ ဖြစ်ပေမယ့် သူ့ရဲ့ အရပ်အမောင်းက ၅ပေ ၉လက်မသာ ရှိတာကြောင့် ကာရေဂါ အပါအဝင် ဘောလုံးရေးရာ ကျွမ်းကျင်သူ တချို့ကမာတီနက်ဇ်ဟာပရီးမီးယားလိဂ်လို ကြံ့ခိုင်မှု အသားပေး ကစားတတ်တဲ့ လိဂ်တခုမှာ ဗဟိုခံစစ်မှူး အဖြစ် ကစားရင် မအောင်မြင်နိုင်ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။