Manu sports

ကမ်းလှမ်းမှုတွေများလာလို့ ပိုင်ရှင်သစ်ကိုသေချာရွေးချယ်ရတော့မယ့် ယူနိုက်တက်အသင်း

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းပိုင်ရှင်သစ် ရှာပုံတော်ကတော့အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလာခဲ့ပါပြီ။

နှစ်ပေါင်းများစွာကြာအောင် ဂလေဇာတို့ရဲ့ ဂုတ်သွေးစုတ် အမြတ်ကြီးစားခံနေရတဲ့ကလပ်အသင်းဘဝကနေ လွတ် မြောက်ဖို့ တွန်းအားပေးခဲ့ကြတာပါ။နောက်ဆုံးမှာတော့ ယူနိုက်တက် အသင်းပရိတ်သတ်တွေရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုလို့ ဆိုနိုင်တဲ့ အသင်းပိုင်ရှင်သစ် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ပြင်ဆင်လာကြတဲ့ အထဲမှာ အာရှ အရှေ့အလယ်ပိုင်းက လုပ်ငန်းရှင်ကြီးတွေလည်း ပါဝင်လာခဲ့တာပါ။

ယူနိုက်တက်အသင်းဘက်ကတော့ လာမယ့်ရက်သတ္တပတ်ရဲ့ သောကြာနေ့ နောက်ဆုံးထားပြီး ကမ်းလှမ်းမှု ပြုကြဖို့ သတ်မှတ်ထားပါတယ်။အစောပိုင်းမှာယူနိုက်တက်ကို ဝယ် ယူ ဖို့အတွက် ဗြိတိန်ဘီလျံနာ ဆာဂျင် ရက်ကလဖ်နဲ့ ကာတာရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတို့ပဲ ပါဝင်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၁၇ရက်နေ့ နောက်ဆုံး ကမ်းလှမ်းရန် ရက်သတ်မှတ်လိုက်ပြီး နောက်မှာတော့ ယူနိုက်တက်ကို ဝယ်ယူလိုတဲ့ လုပ်ငန်းရှင်တွေ ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။

လက်ရှိအချိန် ရက်တပတ်သာ လိုတော့တဲ့အချိန်မှာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားလာကြတဲ့ လုပ်ငန်းကြီး (၅)ခုအနည်းဆုံး ရှိနေပြီလို့ သိရပါတယ်။PSG အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ QSI-Qatar Sports Investments အနေနဲ့လည်းယူနိုက်တက်အသင်းကို မူလက စိတ်ဝင်စားမှု မရှိပေမယ့် လက်ရှိမှာ ကမ်းလှမ်းဖို့ စီစဥ်လာခဲ့တာပါ။

ဒါ့အပြင်အမေရိကန်အခြေစိုက် အများပိုင် ဘဏ်လုပ်ငန်းကြီးတစ်ခုကလည်း ယူနိုက်တက်ကို တရားဝင် ကမ်းလှမ်းသွားမယ်လို့ ဆိုထားပါတယ်။

အရှေ့အာရှရဲ့ စီးပွားရေးအတောင့်တင်းဆုံးဖြစ်တဲ့ ဆော်ဒီလုပ်ငန်းကြီးတစ်ခုကလည်း ယူနိုက်တက်ကို အပြိုင်ကမ်းလှမ်းသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

ဂလေဇာတို့ဘက်ကတော့ရောင်းဈေး ၅ဘီလျံ အနည်းဆုံး အလိုရှိနေပြီး၊ လာမယ့်တစ်ပတ်တည်းမှာ အသင်းပိုင်ရှင်သစ်ကို တွေ့ကြရတော့မှာ ဖြစ်ပါတယ်။

Zawgyi