Manu sports

ယူနိုက်တက်ရဲ့နောက်တန်းကျောက်ဆောင်ကြီး မာတီနက်ဇ် ကို အပြင်းအထန်ဝေဖန်ခဲ့ကြတဲ့ ပြိုင်ဘက်ပရိသတ်များ

လိဒ်စ်အသင်းနဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြိုင်ဘက်တိုက်စစ်မှူး ဘမ်းဖို့ဒ်ရဲ့ မျက်နှာကိုခြေထောက်နဲ့ကန်ခဲ့ပေမယ့် အနီကတ်မထိခဲ့တဲ့အပေါ် ပရိသတ်တွေကဝေဖန်နေကြပါတယ်။ ပွဲကစားချိန်အတွင်း လီဆန်ဒရိုမာတီနက်ဇ်နဲ့

ဘမ်းဖို့ဒ်တို့ဟာ ဘောလုံးယှဉ်လုဖို့ကြိုးစားရင်းကနေ နှစ်ယောက်စလုံးလဲကျသွားပြီး လီဆန်ဒရိုမာတီနက်ဇ်က ဘမ်းဖို့ဒ်ရဲ့ မျက်နှာကို

ခြေထောက်နဲ့ကန်မိသလိုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို VAR ကပြန်လည်စစ်ဆေးခဲ့ပေမယ့် လီဆန်ဒရိုမာတီနက်ဇ်ကိုဘာမှအရေးမယူခဲ့ပါဘူး။ အဲဒါကြောင့် ပရိသတ်တွေက‘လီဆန်ဒရိုမာတီနက်ဇ်ရဲ့ အပြုအမူက မတော်တဆဖြစ်ခဲ့တယ်

ကျွန်တော် မထင်မိပါဘူး။ ဒါတောင် သူ ဘာမှအရေးမယူခံရတာကတော့မယုံနိုင်လောက်အောင်ပါပဲ’၊ ‘လီဆန်ဒရိုမာတီနက်ဇ်က ခြေထောက်မြှောက်ပြီး

ဘာလုပ်တာလဲ’၊ ‘ရပ်ဘီပြိုင်ပွဲတွေမှာ အသုံးပြုတဲ့ VAR နည်းစနစ်အတိုင်းဘောလုံးပွဲတွေမှာလည်း ကျင့်သုံးသင့်နေပါပြီ’လို့ Twitter မှာရေးသားခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းဟာ လိဒ်စ်ကို အိမ်ကွင်းမှာကစားခဲ့ရပေမယ့် (၂-၂)ဂိုးစီသရေကျခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့ကျရင်လိဒ်စ်အသင်းနဲ့ပဲ ပရီမီးယားလိဂ်အဝေးကွင်းပွဲ သွားရောက်ကစားရမှာဖြစ်ပါတယ်။

Zawgyi
ယူနိုက်တက် နောက်တန်းကျောက်ဆောင်ကြီး မာတီနက်ဇ် ကို အပြင်းအထန်ဝေဖန်ခဲ့ကြတဲ့ ပြိုင်ဘက်ပရိသတ်များ