Manu sports

ယူနိုက်တက် ခေါ်ယူချင်နေတဲ့ ကစားသမားအများအပြားကို အရောင်းစာရင်းတင်လိုက်တဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာဘဏ္ဍာရေးအခက်အခဲတွေနဲ့ ဆက် လက် ရင်ဆိုင်နေရဆဲဖြစ်ပြီး ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ဖိအားတွေအများကြီးရှိနေပါတယ်။

လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဟာဗီယာတီဘတ်စ်က ဘာစီလိုနာအသင်းအနေနဲ့ ကစားသမားတွေကို လစာငွေအဖြစ် ပေးချေနေရတဲ့စုစုပေါင်းပေါင်(၁၇၇)သန်းပမာဏကိုလျှော့ ချဖို့ သတိပေးခဲ့တယ်လို့Mundo Deportivo သတင်းစာက ဖော်ပြခဲ့ပါတယ်။

အဲဒါကြောင့်ဘာစီလိုနာတို့ အသင်းမှာ လစာငွေအများဆုံးရရှိနေတဲ့ကစားသမားတွေထဲက တချို့ကို ရောင်းချသွားရမှာဖြစ်ပြီးဒါက ယူနိုက်တက်အသင်းအတွက် အခွင့်အရေးဖြစ်လာပါတယ်။

ဘာစီလိုနာအသင်းဟာ ကစားသမားတွေရဲ့ လစာငွေကို မဖြစ်မနေလျှော့ချရမှာဖြစ်လို့ အန်ဆုဖာတီနဲ့ ဖရန်ကီဒီယွန်းတို့ (၂)ဦးကိုရောင်းချရဖို့ရှိတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက်အခွင့်အရေးဖြစ်လာပါတယ်။

ဘာစီလိုနာကစားသမား(၂)ဦးဖြစ်တဲ့အသင်းခေါင်းဆောင် ဘူးစကွက်စ်နဲ့နောက်ခံလူ ဆာဂျီရော်ဘတ်တို,တို့ဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မှာဖြစ်တာကြောင့် ဒီကစားသမားတွေနဲ့ လမ်းခွဲဖို့ရှိပေမယ့်ဒါနဲ့တင်မလုံလောက်သေးဘဲအဓိကကစားသမားတော်တော်များများကိုရောင်းချရဖို့ရှိပါတယ်။

ဘာစီလိုနာအသင်းရောင်းချဖို့ရှိတဲ့သူတွေထဲမှာယူနိုက် တက် ခေါ်ချင်နေတဲ့ ဒီယွန်း၊ အန်ဆုဖာတီတို့အပြင်ဖာရန်တောရက်စ်၊ ကတ်ဆီး၊ အယ်လ်ဘာ၊ ဒမ်ဘီလီတို့လည်းပါဝင်ဖို့ရှိတယ်လို့ Mundo Deportivo သတင်းစာက သုံးသပ်ခဲ့ပါတယ်။

Zawgyi