ယူနိုက်တက် လမ်းမှန်ပြန်ရောက်ဖို့အတွက် အသင်း နဲ့ အဆင်မပြေတဲ့ကစားသမားတွေကို ရောင်းထုတ်မယ်လို့ တန်ဟက်ဂ် အတည်ပြု
မန်ယူနိုက်တဒ်အသင်းရဲ့အနာဂတ်စီမံကိန်းတွေကို လုပ်ပိုင် ခွင့်အပြည့်ရထားတဲ့တန်ဟဂ် ဟာ နွေရာသီ ကစားသမားအပြောင်းရွှေ့အတွက် ဘုတ်အဖွဲ့နဲ့ယခုထဲက ကြိုတင်သဘောတူညီမှုတွေ ရယူထားတယ်လို့ သိရပါတယ်။
တန်ဟဂ် က လာမယ့်နွေမှာ အသင်းကို ပြီးပြည့်စုံတဲ့အဆင့်ရောက်ရှိစေရန် တည်ဆောက်သွားလိုတာကြောင့် နောက်ဆုံးကျန်ရှိတဲ့အစိတ်ပိုင်းတွေကို ဖြည့်တင်းရန် ကမ္ဘာ့အဆင့်ကစားသမားခေါ်ယူမှုတွေ ပြုလုပ်လိုနေပြီး အသင်းရဲ့ဘဏ္ဏာရေးမျှချေကိုထိန်းနိုင်ဖို့ ပိုလျှံနေတဲ့ ကစားသမားတချို့ကိုပါ ရောင်းထုတ်သွားလိုတာဖြစ်ပါတယ်။
တန်ဟဂ် ရှင်းထုတ်လိုတဲ့ ကစားသမားအများအပြားရှိနေပြီး အဲဒိအထဲက တချို့ဟာ ဂလေဇာ ရဲ့ ပိတ်ဆို့မှုကြောင့် ရှေ့နည်းပြတွေ ထိကိုင်လို့ မရခဲ့သူတွေဖြစ်ပေမယ့် တန်ဟဂ် က တော့ ရှင်းထုတ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
အခုတော့ ယူနိုက်တက်အနာဂတ်မှာ သေချာပေါက် မပါဝင်ခဲ့တဲ့ အဓိက ကစားသမားစာရင်းပေါ်ထွက်လာခဲ့ပြီး သူတို့ကိုလာမယ့်နွေမှာနည်းပြ တန်ဟတ်က သေချာပေါက် ရောင်းထုတ်သွားတော့မှာ ဖြစ်ပါတယ်။
ခံစစ်မှုး ဟယ်ရီမက်ဂွိုင်းယား၊ ကွင်းလယ်လူ ဗန်ဒီဘိခ် နဲ့ တိုက်စစ်မှူး အန်တိုနီ မာစီရယ်တို့ဟာ နည်းပြ တန်ဟတ်ရဲ့ အနာဂတ်စီမံကိန်းတွင် ပါဝင်တော့ခြင်းမရှိဘဲ လာမယ့်နွေရာသီမှာ အသင်းကနေထွက်ခွာခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ယူနိုက်တဒ် ခံစစ်က လုံခြုံစိတ်ချရမှုရှိနေသလို ဘရူနို ကသာ အသင်းခေါင်းဆောင်အဖြစ် ပိုမိုထိုက်တန်သူဖြစ်တာကြောင့်လည်း မက်ဂွိုင်းယားအတွက် အဝတ်လဲခန်းမှာရောကွင်းတွင်းမှာပါနေရာမရှိလို့ထွက်ခွာမှုကသာအကောင်းဆုံးအဖြေ ဖြစ်လာပါလိမ့်မယ်။မာစီရယ် ကတော့ ဒဏ်ရာပြသနာများလွန်းသလို တန်ဟဂ် က တိုက်စစ်မှုးသစ် ခေါ်ယူမှာဖြစ်တာကြောင့် ပြင်သစ်သားအတွက် နေရာရဖို့က ပိုပြီးခက်ခဲနိုင်ပါတယ်။
ဗန်ဒီဘိခ်အနေနဲ့လည်း ယူနိုက်တက်ကို စတင်ရောက်ရှိအချိန်ကတည်းက ပွဲထွက်ခွင့် လောက်လောက်လားလား မရတဲ့အပြင် ဒဏ်ရာ ပြသနာရှိနေမှုနဲ့အတူ ကွင်းလယ်ကစားသမားတွေ ထပ်နေခြင်းဟာ နယ်သာလန်သားကို အသင်းက ထွက်ခွာစေဖို့ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
Zawgyi