လက်ရှိယူနိုက်တက်အသင်းမှာသူအကြိုက်ဆုံးကစားသမား ကို ဖွင့်ဟလာတဲ့ ကစားသမားဟောင်း ဗီဒစ်
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကစားသမားဟောင်း နီမန်ဂျာ ဗီဒစ်ကလက်ရှိ ယူနိုက်တက်အသင်းရဲ့ ဗဟိုခံစစ်ကစားသမားဖြစ်သူ လီဆန်ဒရိုမာတီးနက်ဇ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ အထင်ကြီးလျက်ရှိနေပါတယ်။
မာတီးနက်ဇ်ဟာ နွေရာသီတုန်းက မန်ယူအသင်းဆီကိုနည်းပြ အဲရစ် တန်ဟန့်ရဲ့ အနောက်ကနေ လိုက်ပါလာခဲ့သူဖြစ်ပြီး၊အစပိုင်းမှာ အခက်အခဲတစ်ချို့၊ ဝေဖန်မှုတစ်ချို့နဲ့ ကြုံခဲ့ရပေမယ့်၊နောက်ပိုင်းမှာအသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ထို့အတွက်ကြောင့် တစ်ချိန်တုန်းက မန်ယူအသင်းရဲ့ဗဟိုခံစစ်မှာ အင်္ဂလန်လက်ရွေးစင်ဟောင်း ရီရို ဖာဒီနန်နဲ့အတူတွဲဖက်ကစားပြီး မန်ယူအသင်းရဲ့ အကောင်းဆုံးဗဟိုခံစစ်အတွဲအဖက်အဖြစ်နာမည်ကျော်ကြားခဲ့တဲ့ ဗီဒစ်က မာတီးနက်ဇ်နဲ့ ပတ်သက်ပြီးတော့အခုလိုချီးကျုးလာပါတယ်။
လီဆန်ဒရိုက အသင်းကို လွန်ခဲ့တဲ့ခြောက်လလောက်ကမှ ရောက်လာခဲ့ပေမယ့်၊ကောင်းကောင်းလုပ်ပြထားနိုင်ခဲ့တယ်။ သူက အားအင်တွေ ယူဆောင်လာခဲ့တယ်၊သူက ခံစစ်ကာကွယ်ရတာကို ကြိုက်တယ်၊ သူက အင်္ဂလန်မှာကစားရတာကို ပျော်နေတဲ့ပုံပါပဲ။
သူကကောင်းတဲ့ခေါ်ယူမှုဖြစ်ပါတယ်။ဗာရန်းက အတွေ့အ ကြုံရှိတဲ့ ကစားသမားပါ၊ သူ့မှာ ဒဏ်ရာပြဿနာတစ်ချို့ ရှိပေမယ့်၊ သူတို့နှစ်ဦးဆီကနေ အများကြီးမြင်ရအုန်းမယ်လို့သေချာပေါက် ထင်ပါတယ်။
သူတို့ပိုပြီးတော့ တွဲကစားရလေ၊အတွဲအဖက်က ပိုကောင်းလာလေပါပဲလီဆန်ဒရို အသင်းကိုရောက်လာတော့ သူ လုပ်ခဲ့တာအပေါ် ကျွန်တော် အရမ်းကျေနပ်တယ်။
ပြဿနာတစ်ချို့ရှိခဲ့တယ်၊လူတွေကသူ အင်္ဂလန်မှာ ကစားနိုင်ပါ့မလားစိုးရိမ်ခဲ့ကြတယ်၊ ဒါပေမယ့် ခံစစ်မှူးတစ်ဦးအနေနဲ့ သူ ကစားနေပုံအပေါ်ကျွန်တော် အရမ်းကြိုက်ပါတယ်၊ အထူးသဖြင့် အသင်းကို သူ ပေးနေတဲ့အားအင်တွေ၊ ကြမ်းတမ်းမှုတွေနဲ့ အနိုင်ရလိုစိတ်တို့ကိုပါပဲ ” လို့ ဆိုခဲ့ပါတယ်။
Zawgyi