Manu sports

လာမယ့်နွေရာသီအပြောင်းရွေ့မှာ အပြောင်းလဲတစ်ခုဖြစ်သွားနိုင်တယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်ပစ်မှတ် ဘရန့်ဖို့ဒ်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒေးဗစ် ရာယာ

ဘရန့်ဖို့ဒ်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒေးဗစ် ရာယာက သူ့အနေနဲ့ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးလျက်ရှိမနေကြောင်းနဲ့သူ့အနာဂါတ်နဲ့ ပတ်သက်ပြီး စောင့်ကြည့်သွားအုန်းမာဖြစ်ကြောင်းပြောဆိုလာပါတယ်။

ရာယာကို တော့တင်ဟန်ဟော့စပါး၊မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ကစိတ်ဝင်စားနေကြတာဖြစ်ပြီး နွေရာသီဈေးကွက်မှာ ခေါ်ယူသွားဖို့ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

ရာယာဟာအခုချိန်မှာ ဘရန့်ဖို့ဒ်အသင်းနဲ့စာချုပ်သက်တမ်းက တစ်နှစ်သာကျန်တော့တာဖြစ်ပြီး၊ဘရန့်ဖို့ဒ်ဘက်က စာချုပ်သစ်နဲ့ အကြိမ်ကြိမ် ကမ်းလှမ်းထားတာရှိခဲ့ပေမယ့် ပယ်ချထားခဲ့ကြောင်း ပြောဆိုလာခဲ့ပါတယ်။

အခုလက်ရှိအချိန်က စာချုပ်သစ်မှာ လက်မှတ်ရေးထိုးဖို့အတွက်သင့်တော်တဲ့အချိန်လို့ ကျွန်တော် မထင်ပါဘူး။ ဘရန့်ဖို့ဒ်အသင်းမှာကျွန်တော် အရမ်းအရမ်းပျော်နေပြီးတော့၊ အခုချိန်မှာ အသင်းအတွက်အကောင်းဆုံး ကစားပေးဖို့နဲ့ဥရောပဝင်ခွင့်ရရှိအောင်ကြိုစားပေးဖို့ကိုပဲအာရုံ စိုက်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကနဲ့ ဇန်နဝါရီလတို့မှာဘရန့်ဖို့ဒ်အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ကျွန်တော် ရခဲ့ပါတယ်၊ဒါပေမယ့် ကျွန်တော်တို့တွေသဘောတူညီမှုတော့ မရရှိခဲ့ကြပါဘူး။

နွေရာသီမှာဘာတွေဆက်ဖြစ်လာအုန်းမလဲဆိုတာကျွန်တော် စောင့်ကြည့်ချင်ပါတယ်၊ဒါပေမယ့်လည်း ဘရန့်ဖို့ဒ်အသင်းမှာကျွန်တော် အရမ်းပျော်နေပါတယ် ” ” အခုချိန်မှာတော့ စာချုပ်သစ်ကိစ္စဟာ ဒုတိယနေရာမှာပဲ ရှိနေပါတယ်၊ အရေးအကြီးဆုံးအရာကတော့အသင်းနဲ့ ကစားပွဲတွေပဲ ဖြစ်ပါတယ်။

မေလမှာ ကျွန်တော်တို့ဘယ်နေရာရောက်နေလဲ ကြည့်ရပါမယ်။ ဘာဖြစ်မလဲ ဘယ်သူမှမသိနိုင်ပါဘူး။ နွေမှာ ဘာဖြစ်မလဲ ကျွန်တော် ပြောနိုင်တာ ဘာမှမရှိပါဘူး။စနေနေ့ညမှာ ဘာဖြစ်မလဲဆိုတာတောင် ကျွန်တော် မသိပါဘူး ” လို့ ဆိုခဲ့ပါတယ်။

Zawgyi