ဒီရာသီမှာ အမှတ်ပေးချန်ပီယံဖြစ်နိုင်ဖို့ လိဒ်ကိုသာအဓိကအခွင့်ကောင်းယူပြီး မဖြစ်မနေအနိုင်ကန်ရတော့မယ့် ယူနိုက်တက်
ယူနိုက်တက် အသင်းရဲ့ လိဂ်ဖလားမျှော်လင့်ချက် သည် သင်္ချာနည်းအရ တွက်ချက်ရင် ဖြစ်နိုင်သေးတယ်လို့ ယူနိုက်တက် အသင်းရဲ့ ပရိတ်သတ်တွေက ထင်ကျတာ တွေ့ရပြီး အသင်းရဲ့အားနည်းချက်တစ်ချက်က ဒီရာသီမှာ အကြိမ်(၂၀)မြောက်ချန်ပီယံတွေကို ဆုဖလားနဲ့ ဝေးရာကိုသာ ဆွဲယူသွားလျက်ရှိပါတယ်။ပြိုင်ဘက်အသင်းကြီးတွေရလဒ်ဆိုးရွားနေချိန်မှာလည်းအခွင့်ကောင်းယူဖို့လိုနေပါသေးတယ်။
အဆိုပါအချက်ကတော့ တိုက်စစ် ရဲ့ ဂိုးသွင်းနှုန်းကျဆင်းနေခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ပထမရာသီဝက်အတွင်း တိုက်စစ်က အပိုင်အခွင့်အရေးများဖြုန်းတီးခဲ့ခြင်းရဲ့ အကျိုးဆက်အဖြစ် အင်အားကြီး အသင်းတွေအနက် ဂိုးကွာခြားချက် အနည်းဆုံးအသင်းဖြစ်နေသလို အခုရာသီ ဂိုးအများဆုံးသွင်းယူထားတဲ့ အသင်းတွေအနက် နံပတ်(၆)သာ ရှိတဲ့အချက်ကို တန်ဟတ် တစ်ယောက် အလျှင်အမြန် ပြောင်းလဲနိုင်ဘို့.လိုပါတယ်။
ယူနိုက်တက် က ဒီရာသီ (၂၁)ပွဲကစားပြီးချိန် (၃၄)ဂိုးသွင်းယူကာ ဂိုးအများဆုံးသွင်းထားတဲ့အသင်းတွေအနက် နံပတ်(၆)နေရာမှာသာရပ်တည်နေပြီး ဘရန်းဖိုဒ့်၊ဘရိုက်တန်တို့ထက် ပိုမိုနည်းပါးတဲ့ အရေတွက် ဖြစ်နေပါတယ်။
ဒီရာသီ ဂိုးအများဆုံးသွင်းယူထားတဲ့အသင်းက မန်ချက်စတာ စီးတီး (၅၃)ဂိုးဖြစ်ပြီး ဇယားထိပ်က arsenal အသင်းကလည်း (၄၅)ဂိုးအထိ သွင်းယူထားနိုင်လို့ ယူနိုက်တဒ်အနေနဲ့ဆုဖလားမျှော်လင့်ချင်တယ်ဆိုရင်လက်ကျန် ပွဲတွေမှာ တိုက်စစ်က သွင်းဂိုးအများအပြား ရယူပေးနိုင်ဖို့ လိုပါတယ်။
ယူနိုက်တက် နောက်တန်း က ဒီရာသီ ပေးဂိုး (၂၇)ဂိုးခွင့်ပြုထားရလို့ ဂိုးကွာခြားချက် (+၈)ဂိုးသာရှိပြီး arsenal (+၂၈) နဲ့ မန်ချက်စတာ စီးတီး (+၃၅)ဂိုး တို့နဲ့ ယှဉ်ရင် အတော်လေး ကွာဟတဲ့ အချက်လည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ရဲ့ ပြီးခဲ့တဲ့ငါးရာသီအတွင်း ဂိုးအနည်းဆုံးသွင်းယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့အသင်း သည် (၈၃)ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်ယူနိုက်တက် ရဲ့ ငါးရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ရာသီမှာတောင် (၇၃)ဂိုးသာ ရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတိုင်း သည် အနိမ့်ဆုံးသွင်းဂိုးအဖြစ် တစ်ပွဲကို ပျမ်းမျှ (၂.၂၃)ဂိုး သွင်းယူနိုင်ပေမယ့် အခုရာသီ ယူနိုက်တက် ရဲ့ ပျမ်းမျှတစ်ပွဲသွင်းဂိုးက (၁.၆)ဂိုးသာ ရှိနေလို့ ချန်ပီယံဖြစ်နိုင်ဘို့. လာမယ့်ရာသီတွေမှာ တန်ဟတ် က တိုက်စစ်ကိုအထူးတလည်ပြင်ဆင်လိုတာ ထူးဆန်းတဲ့အကြောင်းအရာ မဟုတ်တာတော့ သေချာပါတယ်။
ကမ္ဘာ့ဖလားအလွန်မှာ ယူနိုက်တက် ရဲ့ သွင်းဂိုးတွေ တက်လာပေမယ့် ဒီရာသီခြေစွာနေတဲ့ ရက်ဖို့ (၁၉)ဂိုး အပေါ်မှာသာ မှီခိုနေရလို့ တန်ဟတ် အနေနဲ့ နောက်ရာသီတွေမှာ ဆုဖလားတွေ စိန်ခေါ်နိုင်ဘို့. တစ်ရာသီဂိုး(၃၀)အထက်ရရှိနိုင်မယ့် တိုက်စစ် ကစားသမား မျိုး လိုအပ်နေပြီပဲ ဖြစ်ပါတယ်။
Zawgyi