ယူနိုက်တက်အသင်း ရဲ့ လိုအပ်နေတဲ့နေရာကိုဖြည့်ဆည်းနိုင်ဖို့အတွက်အငှားဖြင့်ခေါ်ယူထားတဲ့ကြယ်ပွင့်ကိုအပြီးခေါ်ယူမှုလုပ်တော့မယ့်တန်ဟက်ဂ်
မန်ချက်စတာယူနိုက်တက်အသင်းကတော့အငှားကစားသ မားကို အပြီးသတ် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်တို့အနေနဲ့ လက်ရှိ နည်းပြကြီး အဲရစ်တန်ဟန့်နဲ့အတူ ရလဒ်ကောင်းတွေကို တောက်လျှောက် ပြသနေတာပါ။
အသင်းမှာရှိနေတဲ့ကစားသမားတွေရဲ့နိုင်လိုစိတ်နဲ့အသင်း သားအချင်းချင်းနားလည်မှုတွေ အခိုင်အမာ တည်ဆောက်ထားနိုင်တာကို တွေ့ရပါတယ်။
နည်းပြကြီးကတော့အသင်းအတွက်အကောင်းဆုံး ပေးဆပ်ကစားနိုင်တဲ့ ကစားသမားတွေကို အမြဲတမ်း နေရာတစ်ခု ပြင်ဆင်ပေးလျက်ပါပဲ။
ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက်အတွင်းမှာ အငှားကစားသမား(၃)ယောက် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဂိုးသမား ဂျတ်ဘတ်လန်း၊ တိုက်စစ်မှုး ဗက်ဂ်ဟော့နဲ့ ဈေးကွက်နောက်ဆုံးနေ့မှ ခေါ်ယူလိုက်တဲ့ ကွင်းလယ်လူ ဆဘစ်ဇာတို့(၃)ယောက် ဖြစ်ကြပါတယ်။
လက်ရှိ အသင်းဘက်က ထွက်ပေါ်လာတဲ့ သတင်းအရ နည်းပြကြီးဟာ ကွင်းလယ်လူ ဆဘစ်ဇာကို အပြီးသတ် ခေါ်ယူဖို့ စီစဥ်နေတယ်လို့ ဆိုထားတာပါ။
ဆဘစ်ဇာအနေနဲ့ဈေးကွက်ပိတ်ခါနီး နာရီပိုင်းအလိုမှ ဘိုင်ယန်အသင်းဆီကနေ ယူနိုက်တက်အသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
စာချုပ်ပါ အချက်အလက်အရတော့ ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး၊ အပြီးသတ် ခေါ်ယူခွင့် မပါဘူးလို့လည်း ကနဦးသိထားတာပါ။
သို့ပေမယ့်လည်းလက်ရှိ အသင်းမှာ ရင်ဆိုင်နေရတဲ့ ကွင်းလယ်ပြဿနာတွေအတွက် ဆဘစ်ဇာကို ဖြေရှင်းနိုင်သူလို့ ယူဆထားကြတာ ဖြစ်ပါတယ်။
ဆဘစ်ဇာကိုနည်းပြကြီးအဲရစ်တန်ဟန့်ကိုယ်တိုင်ကသဘော ကျ နှစ်သက်လျက်ရှိပြီး၊ အသင်းအတွက် အမှန်တကယ် အသုံးဝင်လာဖို့ မျှော်လင့်လျက် ရှိနေတာပါ။
သို့ဖြစ်၍ အသက်(၂၈)နှစ်အရွယ် ကွင်းလယ်လူ ဆဘစ်ဇာအနေနဲ့ နည်းပြကြီးကိုယ်တိုင် အပြီးသတ်ခေါ်ယူချင်တဲ့ ဆန္ဒကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မလားဆိုတာ လာမယ့်ပွဲစဥ်တွေမှာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
Zawgyi