တန်ဟက်ဂ်လက်ထက် ယူနိုက်တက်အသင်း မှာ မတူညီတဲ့ခံစားမျိုးကို မြင်တွေ့နေရပြီလို့ ဆိုလိုက်တဲ့ ကာရေဂါ
လီဗာပူးလ်ကစားသမားဟောင်းဖြစ်သူ ဂျင်မီ ကာရေဂါက နည်းပြအဲရစ် တန်ဟန့်ဟာ မန်ယူအရင်နည်းပြတွေ မလုပ်နိုင်ခဲ့တဲ့ အသင်းတွင်းစည်းလုံးညီညွတ်မှုကို ဖန်တီးနိုင်စွမ်းရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
မန်ယူအသင်းဟာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်အနားယူသွားပြီးနောက်ဒေးဗစ် မိုရက်စ်၊ လူးဝစ် ဗန်ဟားလ်၊ ဟိုဆေးလ် မော်ရင်ဟိုနဲ့ အိုလီဂန်နားဆိုးလ်ရှားတို့ကို ခန့်အပ်ခဲ့ပေမယ့် အားရစရာအောင်မြင်မှုမျိုးတော့ မရခဲ့ဘူးလို့ဆိုခဲ့ပါတယ်။
အခုတစ်ကြိမ်မှာတော့ တန်ဟန့်လက်အောက်မှာ ပထမရာသီမှာတင်လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာကာ၊ ဖလားတစ်လုံးရဖို့လည်း နီးစပ်နေတာ ဖြစ်ပါတယ်။
ထို့အတွက်ကြောင့် ကာရေဂါက တန်ဟန့်ဟာ မန်ယူအသင်းမှာ ပြီးခဲ့တဲ့ရာသီတုန်းကကင်းမဲ့ခဲ့တဲ့ စစ်မှန်တဲ့ရင်းနှီးမှုကို ယူဆောင်လာတယ်လို့ မှတ်ချက်ပေးလာပါတယ်။
မန်ယူအသင်းမှာ မတူညီမှုတွေကို ကျွန်တော် ခံစားမိနေပါတယ်။အရင်နည်းပြတွေတုန်းကတော့မကောင်းတဲ့အငွေ့အ သက်တစ်ချို့ကိုကျွန်တော် အမြဲတမ်းခံစားမိခဲ့တယ်။ မော်ရင်ဟိုတုန်းကဆိုရင် ဘုတ်အဖွဲ့နဲ့သူ့အကြားမှာ ပြဿနာတွေ ရှိခဲ့တယ်။
လူးဝစ် ဗန်ဟားလ်နဲ့တုန်းကကျပရိသတ်တွေက သူ့ကစားပုံကို မကြိုက်ခဲ့ကြဘူး။ ဆိုးလ်ရှားနဲ့တုန်းကကျသူက ယူနိုက်တက်အသင်းကို အမှတ်ပေးဖလားယူပေးနိုင်လိမ့်မယ်ဆိုတဲ့ခံစားချက်မျိုးကို ဘယ်သူမှ မရခဲ့ကြဘူး။
နည်းပြတစ်ဦးအနေနဲ့ သူ့မှာအထင်ကြီးစရာကောင်းတဲ့နောက်ခံမှတ်တမ်းမျိုးလည်း မရှိခဲ့ဘူး။အဲရစ် တန်ဟန့်ကကျတော့ သူ ဘာလုပ်နေသလဲဆိုတာ သူကိုယ်တိုင်သိနေတယ်။
ယူနိုက်တက်အသင်းမှာ ကျွန်တော်တို့ မမြင်ရတာ ငါးနှစ်၊ ခြောက်နှစ်လောက်ရှိပြီဖြစ်တဲ့ စိတ်ဓါတ်မျိုးကို မြင်နေရတယ်။ သူတို့တွေ တစ်ဂိုးသွင်းလိုက်တဲ့အချိန်မှာသူတို့တွေအားလုံး အတူတကွအောင်ပွဲခံနေတာကို မြင်ရတယ်။
တူညီတဲ့အနေအထားမျိုးမှာ ရောက်ခဲ့ဖူးတဲ့ အခြားနည်းပြတွေနဲ့ ယှဉ်ရင်မတူညီတာ တစ်ခုခုတော့ ရှိနေပါတယ် ” လို့ ဆိုခဲ့ပါတယ်။
Zawgyi