Manu sports

ပထမအကျော့မှာ သရေ ကျခဲ့တာပြန်ကြည့်လိုက်ပါ လိဒ်ယူနိုက်တက်က ဘာမှဖိအားပေးကစားနိုင်တာ မဟုတ်ဖူးလို့ ဆိုလိုက်တဲ့ ဘရူနို ဖာနန်ဒက်

လိဒ်စ်ယူနိုက်တက် အသင်းဟာ လာမယ့် တနင်္ဂနွေည ပွဲစဉ်မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းကို အခက်တွေ့အောင်လုပ်ဖို့ ကြိုးစားလာမှာ ဖြစ်တာကြောင့် သူတို့အနေနဲ့ ပိုကောင်းအောင် ပြင်ဆင်ထားရမယ်လို့ သရဲနီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။

အဆိုပါ နှစ်သင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညက အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးအတွင်း ကစားခဲ့ကြရာမှာ ၂ဂိုးစီ သရေကျခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆိုပါပွဲမှာ အရှုံးကနေ သရေတမှတ်ရအောင် ကစားနိုင်ခဲ့ပြီးနောက် ၄ရက်အကြာမှာ လိဒ်စ်အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရမှာပါ။

လိဒ်စ်အသင်းဟာပြီးခဲ့တဲ့ပွဲရဲ့ပွဲချိန်နှောင်းပိုင်းမှာ အချိန်ဆွဲခဲ့တာကြောင့် စိတ်ပျက်မိကြောင်း ဖာနန်ဒက်စ်က ဖွင့်ဟလိုက်ပြီး၊ဒီတကြိမ်မှာ အလားတူ ဖြစ်ရပ်မျိုးကို ရှောင်လွှဲနိုင်ဖို့ အတွက် ပွဲကို စောစောဖြတ်နိုင်ဖို့ လိုအပ်ကြောင်း သူ့ရဲ့ အသင်းဖော်တွေကို အခုလို သတိပေးသွားခဲ့ပါတယ်။

လိဒ်စ်အသင်းနဲ့ပထမတကြိမ်ကစားခဲ့တုန်းက ပွဲစပြီး သိပ်မကြာခင်မှာ ဂိုးပေးလိုက်ရတာဟာ တကယ်ကို စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ သူတို့ နည်းနည်းလေး ကံကောင်းသွားခဲ့ပြီး၊ နောက်တဂိုး ထပ်ရသွားခဲ့ပါတယ်။”

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က နောက်ထပ်တဂိုး ခွင့်ပြုပေးလိုက်ရတာလေ။ ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ အသင်းက ပွဲချိန်တလျှောက်လုံး အသာစီးနဲ့ ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူတို့ အသင်းဟာ ၂ဂိုးရပြီး အခွင့်အရေး နည်းနည်းလေး ပိုရတာကလွဲရင် ကျွန်တော်တို့ကို ကြီးကြီးမားမား အန္တရာယ် မပေးနိုင်ခဲ့ပါဘူး။”

ကျွန်တော်တို့ အသင်းဟာ ဂိုးပေးလိုက်ရပြီးနောက် အရင်ကအတိုင်း ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာ အရမ်းကောင်းပေမယ့်၊ ၂-၂ဂိုးဆိုတဲ့ ရလဒ်ကို မလိုချင်ခဲ့တာ အားလုံး တွေ့ခဲ့ကြမှာပါ။ ကျွန်တော်တို့ အသင်းက ၃-၂ဂိုးဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲရချင်ခဲ့ပေမယ့်၊ မလုပ်နိုင်ခဲ့လို့ စိတ်ပျက်မိပါတယ်။”

ကျွန်တော်တို့ အသင်းဟာ ကံမကောင်းစွာပဲ အနိုင်ဂိုး ရယူနိုင်ခြင်း မရှိခဲ့ပေမယ့် ကောင်းမွန်တဲ့ အခွင့်အရေးအချို့ ရခဲ့ပါတယ်။ သူတို့ အသင်းက ကစားသမား အများစုဟာ ခံစစ်ပိုင်းမှာပဲ အချိန်ဖြုန်းနေခဲ့တာ ဖြစ်ပြီး၊ ဂိုးသမားနဲ့ အပေးအယူလုပ်ရင်း အချိန်ဆွဲနေခဲ့တာ အသိသာကြီးပါ။”

ဒါပေမယ့် အဲဒါကို အပြစ်ပြောလို့တော့ မရပါဘူး။ ဘာလို့လဲဆိုတော့ အဲလို အခြေအနေတွေက ပွဲတပွဲရဲ့ အစိတ်အပိုင်း ဖြစ်ပြီး၊ သူတို့ရဲ့ လုပ်ပိုင်ခွင့် ဖြစ်နေတယ်လေ။ အဲဒါကြောငိ့ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ပွဲကို သင်ခန်းစာယူပြီး၊ စောစောစီးစီး အနိုင်ရလဒ် သေချာနေအောင် လုပ်သွားရမှာပါ။”

အဲဒီနောက် ဖာနန်ဒက်စ်က လိဒ်စ်အသင်းနဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ သူတို့အသင်း အရှုံးကနေ ပြန်လာနိုင်အောင် အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေကို ချီးကျူးပေမယ့်၊ သရဲနီတို့ဟာ ပြိုင်ဘက် အသင်းတွေရဲ့ ကွင်းထဲမှာလည်း ပရိတ်သတ်မပါပဲ တိုက်ခိုက်နိုင်စွမ်း ရှိတယ်လို့ အခုလို ထပ်ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ အသင်းအတွက် ပရိတ်သတ်တွေဖန်တီးပေးခဲ့တဲ့ စိတ်ဓာတ် တက်ကြွမှုတွေက တကယ်ကိုအံ့မခန်းပါပဲ။ သူတို့ရဲ့ အားပေးမှုတွေက ဒီပွဲမှာ သရေတမှတ်ရဖို့ အထောက်အကူ ပေးနိုင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ အဲဒီရလဒ်က ကျွန်တော်တို့ လိုချင်ခဲ့တဲ့ရလဒ် မဟုတ်ဘူးဆိုတာ သိသာပါတယ်။”

“ဒီအသင်းဟာ စိတ်အားထက်သန်မှု၊ ပြင်းပြတဲ့ဆန္ဒ၊ စည်းလုံး ညီညွတ်မှုတွေ ရှိနေတာကြောင့် အဲဒီအရာတွေနဲ့အတူ ဘယ်လို ပြိုင်ဘက်မျိုးကိုမဆို ယှဉ်ပြိုင် ကစားရဲပါတယ်။ ဘယ်အသင်းရဲ့ ကွင်းထဲကို သွားကစားရတာမျိုးဖြစ်စေ ကျွန်တော်တို့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။”

Zawgyi