Manu sports

ဘိုင်ယန်မြူးအသင်း ရဲ့ ကြယ်ပွင့်ဂိုးသမား နူအာ ရဲ့ အသင်းပြောင်းဖို့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတဲ့ နည်းပြ တန်ဟက်ဂ်

ဘိုင်ယန်မြူးနစ်ကစားသမားနူအာတစ်ယောက် လတ်တ လောမှာ ပေါင် (၁.၄)သန်း ဒဏ်ရိုက်ခံရဖို့ရှိနေပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့လတွေတုန်းက နူအာက ရေခဲပြင် နှင်းစကိတ် သွားစီးမိတာကြောင့်ပါ။

မတော်တဆ လက်မှာ ဒဏ်ရာရလာတဲ့အတွက် ဘောလုံးဆက်ကစားဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဘိုင်ယန်မြူးနစ်ဟာ ယန်ဆွန်မာကို အကြောင်းရင်းမရှိဘဲ ခေါ်ခဲ့ရပြီး၊ နူအာနေရာကို ရေတိုအစားထိုးဖို့ ငွေထုတ်သုံးခဲ့ရပါတယ်။

အဆိုပါပြဿနာ ပြီးသွားခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်တာဝန်ရှိသူတွေက ဒီလိုဖြစ်ရတာဟာ နူအာကို နည်းပြပေးနေတဲ့ ဂိုးနည်းပြတိုနီ တာပါလိုဗစ်မှာ တာဝန်ရှိတယ်ဆိုပြီး၊ အခုရက်ပိုင်းမှာ အလုပ်ထုတ်လိုက်ပါတယ်။ ဒါကိုနူအာမသိခဲ့ပါဘူး။

နူအာသိသွားချိန်မှာ ချက်ချင်းအင်တာဗျူးကောက်လုပ်ခဲ့ပါတယ်။ကျွန်တော့်အတွက် ဒါကြီးက တကယ် အံ့အားသင့်စရာပါ။ မြေပြင်ပေါ်ကို လဲကျသွားသလို ခံစားရပါတယ်။ ကျွန်တော့်နှလုံးသားတွေကို ချေမွပစ်လိုက်သလိုပါပဲ”ဆိုပြီး ဘိုင်ယန်ရဲ့လုပ်ရပ်ကို လူသိထင်ရှားဝေဖန်လိုက်ပါတယ်။

ဒီလိုဝေဖန်တာကို ဘိုင်ယန်မြူးနစ်က နူအာဟာ အသင်းခေါင်းဆောင်မဟုတ်သလို ဝေဖန်ခွင့်မရှိတဲ့အတွက် ဒဏ်ကြေးရိုက်ဖို့ ပြင်ဆင်နေပါပြီ။ စာချုပ်ပါအချက် အလက်အရဆိုရင် ပေါင် (၁.၄)သန်းအထိ ဒဏ်ရိုက်ခံရမှာပါ။ နူအာရဲ့မှတ်ချက်ကို အသင်းသားတွေကလည်း ပေါက်ကွဲနေပါတယ်။

CEO အိုလီဗာခန်းကအစ အသင်းဆုံးဖြတ်ချက်ကို ပြန်ဝေဖန်တဲ့နူအာကို မကျေမနပ်ဖြစ်နေတာကြောင့် ဂိုးသမားသစ်သာရှာတွေ့ရင် လာမယ့်နွေမှာ ရောင်းထုတ်ဖို့ ပြင်ဆင်နေပါပြီ။ ဒီလိုမျိုး ကတောက်ကဆဖြစ်လာတဲ့အခြေအနေအပေါ်မန်ယူနည်းပြအဲရစ်တန်ဟတ်ကနူအာရဲ့သဘောထားကို သိလိုနေပြီး ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြနေပါတယ်။

နူအာသာ အသင်းပြောင်းဖို့ ဆန္ဒရှိရင် အသက် (၃၆)နှစ်အရွယ်ရှိနေတဲ့ဂိုးသမားကို သူ့ရဲ့ထိပ်တန်း ဘောလုံးကစားဟန်နဲ့အတူ အသင်းအနာဂတ်ကို တည်ဆောက်ရေးမှာ ရေတိုအသုံးချချင်နေပါတယ်။ အသက်ကြီးဂိုးသမားတွေနဲ့ဆို အလုပ်ဖြစ်လွန်းတဲ့မန်ယူမှာ ဗန်ဒါဆားရောက်လာတုန်းကလို အခြေအနေနဲ့ဆင်ပါတယ်။

ဂိုးသမားတွေအတွက်တော့ ထိပ်တန်းအဆင့်မှာ အသက် (၄၀)လောက်အထိ ကစားနိုင်ကြတဲ့အတွက် နူအာသာ လာချင်ရင်ဒီဂီယာကိုစာချုပ်သက်တမ်းမတိုးဘဲ ရောင်းထု တ်သွားဖို့ အခြေအနေရှိပါတယ်။ ပြီးရင်တော့ အသက်ငယ်ငယ်ဂိုးသမားတစ်ယောက်ကိုအချိန်ယူအစားထိုးရုံပါပဲ။

လက်ရှိနူအာရဲ့တန်ကြေးကလည်းယူရို(၁၂)သန်းနဲ့ (၁၇) သန်းကြားပဲ ကုန်ကျမယ့်အတွက် ခေါ်ယူချင်တဲ့အသင်းတွေဟာ တန်ဟတ်လိုပဲ နူအာရဲ့သဘောထားကို သိချင်နေကြပါတယ်။ နူအာကတော့ သူ့ဂိုးနည်းပြ တိုနီ တာပါလိုဗစ်နဲ့ ပြန်လက်တွဲလိုနေတယ်လို့ သိရပါတယ်။

Zawgyi