အိမ်ကွင်းမှာ အရမ်းမာပါတယ်ဆိုတဲ့ လိဒ် ကို ဂိုးပြတ်ဆုံးမပေးလိုက်တဲ့ယူနိုက်တက်အသင်း(ပွဲပြီးသုံးသပ်ချက်)
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယနေ့ည ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ လိဒ်အသင်းကို ( ၂-၀ ) ရလာဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီရလာဒ်ကြောင့် မန်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်က အာဆင်နယ်နဲ့ ( ၅ ) မှတ်အကွာကို ရောက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ ကြားရက် အိုးထရတ်ဖို့ဒ်မှာတုန်းကလိုပဲ ဒီပွဲက မလွယ်ကူခဲ့ပါဘူး ။
အထူးသဖြင့် ယူနိုက်တက်က ပထမပိုင်းမှာ ဘောလုံးကို ရှေ့ရောက်အောင်တောင် သေသေသပ်သပ် မပို့နိုင်ခဲ့ပါဘူး
Build-up ပြုလုပ်ရာမှာ မာလာစီယာကစောစေစီးစီးပဲ အထဲကိုဝင်ပြီး ဆာဘစ်ဇာနဲ့ double pivot အဖြစ် နေရာယူလေ့ရှိပါတယ်ဖရက်ကရှေ့တက်ပြီး (၃-၂-၁-၄) ပုံစံ နေရာယူလေ့ရှိပါတယ်။
ခံစစ် ( ၃ ) ယောက်တန်းအဖြစ် နေရာယူထားတဲ့ ဒါလို ဘောလုံးရချိန်မှာ ဆာဘစ်ဇာက ဘယ်ခြမ်းကို ထွက်လေ့ရှိပါတယ်။ ဒါလိုရှိက ဘောလုံးလက်ခံဖို့လည်းဖြစ်နိုင်သလို ပြိုင်ဘက် ကွင်းလယ်လူကို ဘေးဘက်ကို ဆွဲခေါ်သွားဖို့လည်း ရည်ရွယ်ပါတယ်။
များသောအားဖြင့် ဒါလိုက ရှေ့မှာရှိတဲ့ ဆန်ချိုထံ အမြင့်ဘောပဲ ပေးပို့ခဲ့တာ တွေ့ရပါတယ်။ ဖရက် နှင် ဖာနန်ဒက်စ်တို့က second ball ကို လုဖို့ အသင့်ပြင်နေလေ့ရှိပါတယ်။
ဒါပေမယ့် ဒါက အလုပ်သိပ်မဖြစ်ခဲ့ပဲ ပထမပိုင်းအတွင်း အပိုင်အခွင့်အရေးအဖြစ် ပြိုင်ဘက်လူပေးမှားရာကနေ ဘရူနို ကန်ခွင့်ရတဲ့ တစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။
ဒုတိယပိုင်း မာတီးနက် နှင့် ဂါနာချိုတို့ ဝင်လာပြီးချိန်မှာတော့ ယူနိုက်တက်က သိသိသာသာ ကောင်းလာပါတယ်။ မာတီးနက်ရဲ့ passing range ကြောင့် ယူနိုက်တက်က နောက်ကနေ အဆင်ပြေ ချောမွေ့စွာ ကစားကွက်စလာနိုင်ခဲ့ပါတယ်။
နောက်ပြီး နည်းစနစ်ပိုင်း ပြောင်းလဲမှုအနေနဲ့ ရက်ဖို့ဒ်က အထောင်တိုက်စစ်နေရာ ရောက်သွားပြီး ဗက်ဟော့က နံပါတ် ( ၁၀ ) နေရာ ကစားလာတာတွေ့ပါတယ်။ဒီနိုင်ပွဲကြောင့် ယူနိုက်တက် အဆင့် ( ၂ ) နေရာ တက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။
Zawgyi